Ep7

8.6K 713 10
                                    

ရိုင်းဧကရာဇ် လမ်းကူးလာကာ
ကိုကိုရှိမယ့် ရုံးခန်းကိုသာ လာလိုက်သည်။

တစ်ခါမှ မရောက်ဘူးပေမယ့်
အပေါ်ထပ်မှာဘဲ ရှိမယ်ဆိုတာ သိတာမလို့ တက်လာခဲ့ခြင်းဖြစ်သည်။

အောက်ထပ်က လူတွေက စောနက ကိုကိုနဲ့ လာတာ တွေ့လို့မစစ်ဆေးကြပေမယ့်
အပေါ်ထပ် အခန်းထဲ ဝင်ခါနီးကျတော့
အတွင်းရေးမှူးကောင်လေးက

"ဒီက ဧည့်သည် သူဌေးနဲ့ ကြိုတင် ချိန်းထားတာမျိုး ရှိပါသလား"

"မရှိပါဘူး ဒါပေမယ့် သူနဲ့အတူလာတာ"

ရှေ့ကောင်လေးကတော့ မျက်ခုံးတစ်ဖက်ပင့်သွားကာ

"ခနလေးပါ ဒီက ဧည့်သည် ကျွန်တော် သူဌေးကို သွားမေးပေးပါ့မယ် စိတ်တော့မရှိပါနဲ့ "

"ရပါတယ် "

ရိုင်းဧကရာဇ် စိတ်ထဲကနေ တွေးလိုက်မိပါသည်။ ဘယ်ဆိုးလို့လဲ
ကိုကို အတွင်းရေးမှူးက လုံခြုံရေး စိတ်ချရသား။

"ဒေါက် ဒေါက် သူဌေး ဝင်ခွငိ့ပြုပါ"

ကွန်ပျူတာနဲ့ desing ပုံတွေ စီစစ်နေချိန်
အတွင်းရေးမှူးရောက်လာတာကြောင့်
စဉ်းစားမိသွားသည် စာရင်းတွေကျန်သေးလို့လား

"ဝင်ခဲ့ပါ"

"ဟိုလေ သူဌေး အပြင်မှာ စောနက သူဌေးနဲ့လာတယ်ဆိုပြီး စောင့်နေတယ့် လူတစ်ယောက်ရှိတယ် အဲ့တာ သူဌေးသိလား"

လွန်း မျက်မှောင်တစ်ချက်ကြုတ်သွားပြီးမှ
သတိရသည် အာ ငါရိုင်းကို ဝင်ခွင့်ကဒ်ပေးဖို့ မေ့ပြီး ငါ့ဆီပါလာတာဘဲ

ဝုန်းဆို ထလိုက်တယ့် သူဌေးကြောင့်
ဇေရန်ယွန်းမှာ ကြောင်တောင်တောင် ခြေလှမ်းကျယ်ကြီးနဲ့ ယောင်ယက်ခတ်တယိ့ သူဌေးပုံစံကို သူခုမှ မြင်ဖူးတာကြောင့် လိုက်ကြည့်နေမိသည်။

"ရိုင်း sorry ကိုယ်ကဒ်ပေးထားရမှာကို လာ အထုတ်တွေပေး လေးနေတော့မှာဘဲ "

ရိုင်းဧကရာဇ်ကတော့ အထုတ်ကို ဆွဲမြှောက်လိုက်ကာ

"ဒီလောက်က ရပါတယ် လေးနေရင်တောင် ကိုကို့မျက်နှာမြင်ရင် ရပြီ "

Simple(Complete)Where stories live. Discover now