Ep32

6.3K 468 21
                                    

*ငါ ဘယ်လိုလုပ်ရမလဲ*

ရိုင်းဧကရာဇ် ခွေယိုင်ကျခြင်နေတယ့်
ခြေထောက်တို့ကို အားတင်းကာ
အခန်းထဲကိုသာ ပြနိလာရင်း
ကုတင်ပေါ်မှာ ဘေးတစ်စောင်းထိုင်ကာ
ကိုကိုရယ့် လက်ကိုစုပ်ကိုင်ထားမိသည်။

ကိုကိုရယ့် ဝမ်းဗိုက်နေရာကိုကြည့်ရင်း
တွေးနေမိသော အကြောင်းပေါင်းများ
မျက်နှာထက် မျက်ရည်တို့သာ အသွင်သွင်ဆင်းကျရင်း
ကိုကိုရယ့် ပါးလေးကို ထိတွေ့ကာ

"ကိုကိုက ဆိုးလိုက်တာ မောင့်ကိုတောင် မတိုင်ပင်ဘူး အင့် ခုတော့ မောင်ဘယ်လိုလုပ်ရမလဲ ကိုကိုရယ်"

လွန်းကတော့ အတော်ကြာ မေ့မျောနေရာကနေ နိုးလာတော့ ငူငိုင်စွာ ထိုင်နေတယ့် မောင်ကြောင့်
လက်ကိုအသာလေး တို့ထိလိုက်ကာ

"မောင်"

"ကိုကို ကိုကိုသတိရပြီလား"

လွန်း ခေါင်းငြိမိ့ပြလိုက်တော့ ဂရုတစိုက်နဲ့ ထိုင်လို့ရအောင် လုပ်ပေးတယ့် မောင်ပါလေ။

အခန်းပြင်ကိုထွက်သွားမယ်လုပ်တယ့်
မောင်ကြောင့် လက်ကိုဆွဲထားကာ
ပြန်ထိုင်စေရင်း

"မောင် ကိုယ့်ကို အထင်မလွဲပါနဲ့နော်
တကယ်တော့လေ အဲ့တာက ဆရာဝန်ပါ
ကိုယ် တကယ်တော့ ဟီး ကလေးလေးရှိနေလို့ သိလား မောင်
ဒီမှာလေ ပေါက်စီလေးတွေ ရှိနေလို့"

လွန်းသုထက် မောင့်ရယ့် လက်ကလေးကိုကိုင်ထားကာ
ပြုံးရယ်ရင်း ဗိုက်ကလေးကို ပွတ်ပြနေရာက
ပြတင်းပေါက်ဖက်ကို လှည့်နေတယ့် မောင်ကြောင့် လက်ကိုဆွဲကာ
ဗိုက်ပေါ် ဆွဲယူတင်တော့

ရုတ်တရက် လက်ကိုဆက်ခနဲရုတ်သွားတယ့် မောင်က
အကြည့်စူးစူးကို ပေါက်စီလေးတွေထံ ပို့နေသည်။

*ဘုရားရေ မောင်ဘယ်လိုဖြစ်ရတာလဲ*

"မောင် ... မောင် ဘာဖြစ်တာလဲဟင်.မောင့်ကို မပြောမိလို့ စိတ်ဆိုးတာလားဟင် အဆိုးလေး"

ရိုင်းဧကရာဇ် ဝေခွဲမရတယ့် ဆုံးဖြတ်ချက်တွေကြား ရယ်မိပါသည်။

"ဟားဟား ကိုကိုက ဆိုးတာဗျာ
ဘာလည်း မောင့်နားမှာ ကလေးကို ချန်ခဲ့ပြီး ကိုကိုကထွက်သွားမလို့လား"

Simple(Complete)Where stories live. Discover now