Ep39

5.8K 431 12
                                    

"ဒေါက် ဒေါက် သားသားတို့ရေ သမီးလေးရေ "

လွန်း ဒီနေ့ကလေးတွေ ကျောင်းစတက်ရမှာမလို့
လာနိုးတော့ ကုတက်ပေါ်မှာ တစ်ယောက်ကို တစ်ယောက်ဖက်ပြီး အိပ်နေကြတယ့် ပေါက်စီလေးတွေ

လွန်းလည်း ကုတင်ပေါ်ဝင်ထိုင်ကာ
တစ်ယောက်ချင်းစီရယ့် ပါးဖောင်းဖောင်းလေးတွေပေါ် အနမ်းပေးရင်း

"ကဲ ပါပါး ကလေးလေးတွေ ထတော့လေ
ကျောင်းသွားရမယ် "

ထိုအချိန် လှုပ်လှုပ်ရှားရှားဖြစ်သွားတယ့် ဧကရီလေးက မျက်စိလေးကို သေးသေးလေးဖွင့်ကြည့်ကာ ပြန်မှိတ်သွားသည်။
ဒါကို မြင်လိုက်တယ့်လွန်းက

"အားယို့ ပါပါးသမီးက ချစ်ဖို့ကောင်းလိုက်တာ အိပ်နေတာတောင် အသည်းယားစရာလေး အရမ်းလည်းချော ဒါပေမယ့် သွားလေးကျိုးနေတာလေးဘဲ"

ထိုအခါမှ ဆူပွပွနဲ့ထွက်လာတယ့် ဧကရီလေးအသံ

"အွန်း ပါပါး မီးမီးကိုစနဲ့"

"ရွှတ်စ် ဒီသမီးလေးကို ချစ်လို့စတာကိုကွာ အားယို့ ကလိကလိ"

လွန်း သမီးလေးကို ကလိထိုးတော့ လွန့်လူးကာ ရယ်နေတယ့် သမီးလေးကြောင့် သုလေးနဲ့ ထက်ရှားလေးကပါ။
နိုးလာကာ ရယ်နေကြသည်။

အတော်ကြာ မိသားစု စနောက်မှုလေးအပြီးမှ

ကလေးလေးတွေက အာဘွားတစ်လှည့်စီပေးလာကြသည်။

လွန်း တစ်ယောက် ကလေးတွေကို မျက်နှာသစ်ဖို့ လုပ်ပေးခဲ့ကာ
တစ်ဖက်က မောင့်ကိုလည်း ပြန်နိုးရပြီ။

"မောင်ရေ ထတော့လေ မောင်"

ရိုင်း မနက်ခင်း စောစေနိုးပေမယ့်
ချစ်ရသူ အိမ်ရှင်ထီးလေး အသံကို မကြားရတာကြောင့် ဆက်၍သာ အိပ်ယာထဲ ခွေနေသည်။

မကြာပါ တံခါးသံလေးဖွင့်သံနဲ့အတူ အိကျလာတယ့် မွေ့ယာကြောင့်
ရိုင်းခိုးကာ ပြုံးမိသည်။
နောက်ကနေ ဖက်ခြင်းကိုပါ ခံလိုက်ရကာ
ပါးပေါ်ကို ကျရောက်လာတယ့် နှုတ်ခမ်းသား အိအိလေးနဲ့အတူ မနက်ခင်း သာယာတယ့် အသံလေးက ထွက်ပေါ်လာသည်။

"မောင်ရေ ထတော့နော် မောင် ကလေးတွေဒီနေ့ကျောင်းဆက်တက်မှာလေ ထတော့နော် "

Simple(Complete)Where stories live. Discover now