Ep26

6.1K 452 11
                                    

မောင်ကို အောက်ထပ်ထိလိုက်ပို့ကာ
ကားလေးက ခြံပြင်ကနေထွက်သွားတာကိုပါ
ရပ်၍ ကြည့်နေပြီးမှ အိမ်ထဲပြန်ဝင်လာခဲ့သည်။

မောင်မရှိတော့လည်း အိမ်က ခြောက်ကပ်ကပ်နဲ့ ပျင်းဖို့ကောင်းတာ
အရင်ရက်တွေက နှစ်ယောက်လုံး companyသွားနေလို့ မသိသာပေမယ့် ဒီနေ့တော့ တကယ်သိသာသည်။

လွန်းသုထက် ဆိုဖာပေါ်မှာထိုင်ရင်း
စဉ်းစားနေမိသည်။

*ဘာလုပ်ရင်ကောင်းမလဲ မောင်ကလည်း
အပြင်မသွားနဲ့တယ့်*

လွန်းသုထက် ပျငိးရိစွာ ထိုင်နေမိကာမှ
အိမ်မှာ လက်တော့ရှိတာ သတိရပြီး
အိမ်ပေါ်ထပ်ကိုသာ ပြေးတက်လာခဲ့သည်။

အိမ်ပေါ်မတက်ခင်
မုန့်တွေနဲ့ ရေဘူးပါ ယူလျက်ပေါ့
ခုတလော အစားအသောက်တွေအရမ်းစားကောင်းဗိုက်က ခနခနကိုဆာနေတာ

အခန်းထဲရောက်တာနဲ့ ဆိုဖာပေါ်ကို မုန့်တွေချထားကာ အလုပ်လုပ်ရန်
လက်တော့ကို ယူရင်း ဇေရန်ကို ဖုန်းဆက်ရသည်။

"ဟယ်လို ဇေရန်"

"ဟုတ်ကဲ့ သူဌေး "

"company စာရင်းတွေ ခုရက် အစီရင်ခံစာတွေရော နောက်ပြီးတော့ ပိတ်စဒီဇိုင်းပုံတွေပါ mailပို့လိုက်နော်"

"ဟုတ်ကဲ့ သူဌေး
ဟိုလေ ကျွန်တော်တစ်ခုလောက် တောင်းဆိုချင်လို့ပါ။"

လွန်း ဇေရန်ရယ့် တောင်းဆိုချင်လို့ဆိုတယ့် နေရာမှာ တိုးသွားတာကြောင့် အသံပိစိလေးတောင်မထွက်ဘဲ ငြိမ်နေလိုက်သည်။
ဇေရန်က တစ်ခါမှ မတောင်းဆိုဘူးပါ
ဘာများ အခက်ခဲရှိလို့လည်း

"ဟိုလေ သူဌေးတို့ အလုပ်များနေမှာကိုလည်း သိပေမယ့်
အိမ်ကမားက နေသိပ်မကောင်းတော့ အဲ့ဒါ"

"အာ ရပါတယ် ဇေရန်ရယ် သွားပါ။
ရတယ် အလုပ်သိပ်မများပါဘူး
သွားလေ သက်သာမှပြန်လာနော် အေးဆေးနေ"

"ဟိုလေ အဲ့တာ ခွင့်အတွက်က"

"သွားပါကွာ မစိုးရိမ်နဲ့ လစာလဲမဖြတ်ဘူး
နောက်ပြီငါ မင်းကဒ်ထဲကို ငွေလွဲပေးလိုက်မယ် အန်တီကို သေချာဂရုစိုက်လိုက် ဒီဘက်ကို စိတ်ချ"

Simple(Complete)Waar verhalen tot leven komen. Ontdek het nu