Ep29

5.5K 437 9
                                    

"ကြုံရမှာကို ဘာလို့နောက်ဆုတ်နေမှာလဲဟင်မောင်
ရှင်းသင့်တယ်မလား"

ရိုင်းခေါင်းသာ ငြိမ့်လိုက်သည်။
ကိုကိုစကားကမှန်တယ်မလား

လွန်း ဆိုဖာမှာ နေရာတကျထိုင်ကာ ကလေးကို ပေါင်ပေါ်တင်ရင်း သေချာချော့မြူနေလိုက်သည်။
အို ကလေးမလေးက ချစ်ဖို့ကောင်းလိုက်တာ

ပါးလေးကဖောင်းဖောင်း ဖြူဖြုအုအုလေး
မျက်လုံးလေးတွေကလည်း သူအမေနဲ့တူတာကြောင့် မျက်ဝန်းပြာလဲ့လဲ့လေး ချောလိုက်တာသမီးငယ်လေးရယ်

လွန်းဘေးနားကနေ သူနဲ့အတူ ကလေးကို ကြည့်ရင်း လက်ဖဝါးလေးကို သူ့လက်ထဲထည့်လိုက် ခြေထောက်သေးသေးလေးကို လက်နဲ့ ကိုင်လိုက်နဲ့ အထူးတဆန်းဖြစ်နေတယ့်မောင်ကြောင့်
လွန်း ဘာပြောရမှန်းမသိ
သေချာတာကတော့ ကလေးမလေးကို ချစ်ခင်ကာ အထူးအဆန်းလိုက်ကြည့်နေတယ့် မောင်ကြောင့် သူ့ရယ့်ဗိုက်ကလေးကို
လက်ကလေးနဲ့  ဖိကိုင်လိုက်မိသည်။

*ငါရယ့် ဆုံးဖြတ်ချက်ကို သိရင်ရော
မောင်ခုလိုဘဲ သဘောကျနေပါ့မလား*

မကြာပါ ဒေါက်ဖိနပ်သံ နဲ့ အတူ
ဝင်လာတယ့် မောင့်အဖေနဲ့ မောင့်မိထွေး

မောင်ကတော့ မတ်တပ်ရပ်ကာ
နှုတ်ဆက်ပေမယ့် မောင့်အဖေက သူ့ကိုသာ စူးစိုက်ကြည့်နေသည်။
မောင့်အဖေဘေးက မြေခွေးမကလည်း
ဟန်ဆောင်ခပ်ယဲ့ယဲ့ အပြုံးနဲ့ပေါ့

သူတို့ မင်္ဂလာဆောင်တုန်းက
မောင့်အဖေက တရုတ်ကိုရောက်နေတာကြောင့်ရော
မောင်ကပါ ဝမ်းမသာပေးမယ့်သူကို စိတ်ရှုပ်ခံမဖိတ်ခြင်ဘူးဆိုတာကြောင့်ရောပင်
အော် ဒီသားအဖနှစ်ယောက်ကို ငါဘယ်လိုညှိနှိုင်းပေးရမလဲ

"အဖေ"

"တိတ်စမ်း မင်းအပေါက်ကိုပိတ်
မင်းအဘိုးက သဘောတူတာနဲ့ဘဲ
ငါ့ရယ့် ခွငိ့ပြုချက်မလိုတော့ဘူးလား
ဟမ် ငါက မင်းအဖေဆိုတာရော သိရဲ့လား"

ရိုင်းဧကရာဇ် ဟားတိုက်ရယ်မိပါသည်။
ငယ်ငယ်က အဖေလို့ခေါ်တိုင်း ပြန်ဖြေလာသည်က မယားပါသား
ငါကမင်းအဖေမဟုတ်ဘူး ဆိုတယ့် အဖြေတစ်ခုသာ

Simple(Complete)Where stories live. Discover now