Ep19

6.8K 524 9
                                    

"အွန်း ဘာမှမဖြစ်ပါဘူးမောင်
လာပါ ကိုယ်ရင်ခွင်ထဲ ဖက်ထားချင်လို့"

"ကိုကိုမှာ ဘာတွေများ စိတ်ညစ်စရာတွေရှိနေတာလည်း မောင်နဲ့နေရတာ မပျော်ဘုးလား"

"ပျော်တာပေါ့ မောင်ရယ်
ကိုယ့်ဘဝမှာ မောင်ဘဲရှိတာပါ။
အဆိုးလေးရဲ့ အတွေးမလွနိပါနဲ့"

ခေါင်းလေးဖွဖွလေး ပွတ်ကာ
ကလေးတစ်ယောက်ကို အလိုလိုက်သလို
ချော့ပြောနေတယ့် ကိုကိုကြောင့်
ရိုင်းကိုကို့ကို ပိုတိုးလို့ ဖက်ထားသည်။

"ဝှား အိပ်ချင်လိုက်တာ"

"မအိပ်နဲ့တော့နော် မောင်
ညနေစောင်းတော့မယ်မလား
နေမကောင်းဖြစ်နေမယ်"

"ဒါပေမယ့် ကိုကို့ရင်ခွင်ထဲရောက်ရင် အိပ်ချင်လာတာ ဘယ်လိုလုပ်ရမလဲ"

"ကဲ အဲ့ဒါဆို မနေနဲ့ ဟင် အိပ်ချင်ဦးမလား
အဆိုးလေး"

ရုတ်တရကိ ထလိုက်တယ့် ကိုကိုက
ကလိလိုက်ထိုးနေတာကြောငိ့
မယားပေမယ့်လည်း ကိုကို့အလိုကျ
ရယ်မောနေမိသည်။
အိပ်ယာထစမလ်ုဖြစ်နေတယ့်
ကိုကိုရယ့် ဆံပင်လေးတွေက ထိုးထိုးထောင်ထောင်
အပြုံးလေးတွေကို မြင်ရလို့ စိတ်ချမ်းသာပေမယ့် မျက်နှာလေးက ဖျော့တော့နေပြန်တော့လည်း ရိုင်းစိတ်မကောင်းပေ။

*ချစ်တယ် ကိုကိုရာ
အမြဲတမ်း ချစ်တယ်ပြောနေချင်တာ*

__________________________________

စေရှိုင်းသူ ဝရံတာမှာ ထိုင်ရင်း
အရက်သောက်နေမိပါသည်။

ကောင်းကင်ကြီးကို မော့ကြည့်ကာ
အရက်တစ်ငုံသောက်ရင်း
ဟူးခန သက်ပြင်းလည်း ချမိသည်။

သူမှားခဲ့တာ လွန်းငယ်ရယ့် ဝေဒနာကို မစွသင့်ဘဲ သူထပ်ပြီး ဒဏ်ရာပေးမိတာ။
တစ်ချို့ကပြောတယ် တကယ်ချစ်ရင်
ချစ်တယ့်သူ စိတ်ချမ်းသာဖို့ လက်လွှတ်လိုက်ပါတယ့်

သူလွန်းငယ်ကို လက်လွှတ်သင့်လား
မဟုတ်ဘူး လွန်းငယ်က စတည်းက
သူ့လက်ထဲမှာ မရှိခဲ့တော့တာ

တစ်ချိန်လုံး ကိုယ်ဘယ်လောက် ပွေပွေ
ဒီလူသားနဲ့ဘဲ လက်တွဲမယ်တွေးထား
ခဲ့တာ ဒီလူသားကို တစ်ခြားသူဆီရောက်သွားတာ မြင်တော့လည်း သူစိတ်မထိန်းနိုင်ခဲ့

Simple(Complete)Where stories live. Discover now