Ep40 complete

11.7K 485 28
                                    

"ဒယ်ဒယ်ရေ သားတို့ အဲ့လို သွားရအောင် ဒယ်ဒယ်"

လွန်း နောက်ဖေးမှာ ပန်းကန်ဆေးနေတုန်း
ဧည့်ခန်းကနေကြားနေရတယ့် အသည်းအသက်လေးတွေရယ့် အသံကဆူညံစွာ

မကြာပါ မောင့်ရယ့် ကိုကိုရေ ဆိုတယ့် အသံကြောင့် သူပါ အပြင်ထွက်လာတော့

"ခွီး"

ဧကရီလေးက မောင့်ကို ဆံပင်စီးပေးနေကာ
ပေါင်ပေါ်က သားနှစ်ယောက်က ဘာဖြစ်ထားသည်မသိ
ထက်ရှားလေးက သူ့ဒယ်ဒီ ဗိုက်ကိုကိုက်ထားကာ
သုလေးက မျက်လုံးအဝိုင်းသားနဲ့ ငိုတော့မည်။

မောင်ကတော့ ဧကရီလေးလက်ချက်နဲ့ ဆံပင်ကြက်တောင်စည်းတွေနဲ့
ဆိုဖာပေါ်မှာ ဆူပုတ်ပုတ်ထိုင်နေသည်။

လွန်းလက်သုတ်ပြီးတာနဲ့ မောင့်ဘေးနားဝင်ထိုင်ကာ
ကလေးတွေကို ပေါင်ပေါ်တင်လိုက်တော့

သုလေးက အင့်ခနဲ လည်ပင်းကို သိုင်းဖက်လာကာ သူ့ရယ့် လှလွန်းတယ့် မျက်လုံးဝိုင်းကြီးတွေနဲ့ မော့ကြည့်နေပြီး
နှုတ်ခမ်းလေးက မဲ့ကျလာကာ ချစ်စဖွယ်ပါးလေး နှစ်ဖက်က နီရဲကာ နှာခေါင်းလေးပါ ရဲလာရင်း

"အငိ့ ပါပါး အင့် အူဝါး
သားသားလေ အဟင့် အဲ့ကို သွားခြင်တာကို အဟင့် ဒယ်ဒယ်က လိုက်မပို့ဘူးတယ့် ဗြဲ"

ကော့ပြန်လန်နေကာ ငိုနေတယ့် သုလေးကြောင့် မောင်ကလည်း
မျက်နှာလေး သေးသေးလေးလုပ်ကာ လက်ကိုလာဖက်တွယ်ရင်း

"ကိုကိုမောင်မအားဘူးလို့ဘဲ ပြောလိုက်မိတာပါ ကိုကိုရယ်"

"အင့် ဒယ်ဒယ်ကောင်းဝူး ဗြဲ"

လွန်းမှာ တက်မတက်ချက်မတက်ငိုနေတယ့်
သုလေးကြောင့် မတ်တပ်ရပ်ကာ
ကလေးကိုချီ၍ ချော့ရင်း
ပါးအိအိလေးကို နမ်းလိုက်ကာ

"တိတ်ပါ သားသားရယ် မျက်လုံးတွေနာကုန်မှာဘဲ ကလေးလေးရယ် တိတ်ပါ ကျွစ်ကျွစ်
ကဲ တိတ်နော် ပြောပါဦး သားသား ဘယ်သွားခြင်တာလဲ "

"အင့် သားကလေ အင့် ရေကူးခြင်လို့ကို အွတ် "

ငိုနေရင်းနဲ့ ဂျွတ်ပါ ထိုးလာတယ့်
သုလေးကြောင့် လွန်းသုထက်ရယ့် ပြာကျမတက် အကြည့်ဟာ ရိုင်းဧကရာဇ်ဆီသို့
ငါနဲ့နော် တစ်ခြားသူသာဆို သေနတ်နဲ့ပစ်ထည့်လိုက်ပြီ

Simple(Complete)Where stories live. Discover now