Ep28

5.7K 456 9
                                    

မနက်ခင်း မဟုတ်ဘူး
နေ့လည်ရောက်တော့မယ် လွန်းအိပ်ယာကနေ  နိုးလာတယ့် အချိန်
နာရီကို ကြည့်တော့
၁၁ခွဲတော့မယ် အချိန်ကြာစွာအိပ်မိထားတာကြောင့် ခေါင်းကလည်း ကိုက်နေသည်။

ညကအခြေအနေကို မှတ်မိတာကြောင့်
ဖြေးဖြေးချင်းထတာတောင်
အောက်ပိုင်းက စူးခနဲ သေပါပြီ
နာလိုက်တာ

ဖြေးဖြေးချင်းထကာ ငုတ်တုပ်ထိုင်ရင်း အခန်းထဲကို ဝေ့ဝဲကြည့်တော့
ဘေးနားမှာ သူကို ပြုံးပြုံးကြီးကြည့်နေတယ့် မောင့်ကို တွေ့လိုက်ရသည်။

လွန်းစောနက နာနေတာကိုသာ အာရုံရောက်နေလို့ မသိပေမယ့် ခုသတိထားမိချိန် သူဖြစ်နေတာကို
ရယ်နေတယ့် မောင်ကြောင့် စိတ်ပေါက်ပေါက်နဲ့ ဘေးနားက ခေါင်းအုံးနဲ့ဆွဲကာ ရိုက်ထည့်လိုက်သည်။

"မောင်! ရယ်နေတယ်ပေါ့လေ
လူဆိုးကောင် ညက ဘယ်လောက်တောင် သောင်းကျန်းထားတာလဲ လူက သေတော့မလိုဘဲ"

ရိုင်းဧကရာဇ် သူ့ရယ့် သွားစွယ်လေးတွေ ပေါ်သည်အထိ ရယ်ကာ
ရှေ့က ညဝတ်အင်္ကျီပွပွဖြင့်
မြုပ်နေသော ကိုကိုက စိတ်ဆိုးသောကြောင့် အမြီးဖွာရန် ကြိုးစားနေသော ကြောင်ပေါက်လေးလို
ရိုင်းအသည်းယားစွာ
ပေါင်ပေါ်ကို ဆွဲတင်တော့
ကိုကိုက သူ့သွား ပိစိလေးတွေနဲ့ ရင်ဘက်ကို လာကိုက်ခဲပါသည်။

"အ့ ကိုကို မောင့်ကို ကိုက်တယ်ပေါ့"

"ကိုက်တယ် ဘာဖြစ်လဲ အွန့်"

ထပ်ပြီး ကိုက်လာတယ့် ကိုကိုကြောင့် ရယ်မိပါသည်။

အိပ်ရာထစမလို့ ရှုပ်ထွေးနေတယ့် ခေါင်းလုံးလုံးလေးကို ငုံနမ်းကာ

"ကိုကို ဆံပင်ရှည်နေပြီ မညှပ်ဘူးလား"

"မောင်က ညှပ်စေခြင်လား"

"ကိုကို့သဘောလေကိုကိုရယ့်"

"မောင်ကလည်း ကိုကို့ကိုမောင်ပိုင်တာဘဲကို ဟင် ညှပ်ရမှာလား"

ပေါင်ပေါ်က ကိုကို့ကို ချီမကာ လှဲစေပြီး
အပေါ်ကနေ အုပ်မိုးထားကာ
မျက်နှာ အနှံ့ တဖွဖွနမ်းနေတော့
ကိုကိုကရယ်နေသည်။

Simple(Complete)Where stories live. Discover now