Ep16

7.8K 587 2
                                    

လွန်းသုထက် ဒီနေ့ ထမင်းဘူးလေးဆွဲကာ
ရိုင်း company ဆီ လာမိသည်။

ဒီနေ့ အဆိုးလေးကို စိတ်ချမ်းသာအောင် ထားရမယ်။

ဟုတ်ပါသည်လေ လွန်ခဲ့တယ့် ၂ရက်လောက်ကတည်းက အလုပ်တွေလက်စသတ်ကာ စီစဉ်စရာတွေ စီစဉ်နေရတာမလို့ မောင်က အနည်းငယ် စိတ်မကြည်ခြင်ဘူးလေ။

လွန်းရောက်တာနဲ့ မောင့်အဘိုးကို ကြ်ုဖုန်းဆက်ပြောထားတာကြောင့်
အခက်အခဲမရှိ ဝင်လာနိုင်သည်။

္ဓဓာတ်လှေကား တစ်ထပ်မြင့်သွားတိုင်း
လွန်းသုထက် ရင်ထဲ ပျော်ရွှင်လာပြီး ကလိကလိနဲ့ သူ့ကို တွေ့ရင်ဖြစ်သွားမယ့်
မောင့်ရယ့် အံ့ဩသွားတယ့် မျက်နှာလေးကို တွေးမိကာ အသည်းယားလှသည်။

မောင့်အခန်းရှေ့ကို ရောက်တော့
ရှေ့မှာ အတွင်းရေးမှူးကိုလည်းမတွေ့
အင်းလေ သူလာတာလည်း နေ့လည်စာစားချိန်လာတာကို

လွန်းသုထက်လည်း မောင့်ကို အံ့ဩစေခြင်တာကြောင့် အသံမပေးဘဲ
ရုံးခန်းထဲကို ဝင်လိုက်တာ

"မောင်ရေ အာ.. ဆောရီးပါခင်ဗျ"

အထဲကို ဝင်လိုက်တာနဲ့ စာရင်းစာရွက်တွေနဲ့ အလုပ်ရှုပ်နေတယ့် မောင်နဲ့ တစ်ခြားသူတွေကြောင့်
လွန်းသုထက် အားနာစွာ ပြန်ထွက်ရန်သာ ပြင်လိုက်သည်။

သို့ပေမယ့် ထင်မထားတာက

ရိုင်းဧကရာဇ်က လက်ကိုပြန်ဆွဲထားကာ

"ကိုကို ရောက်လာတာလား ဟီး
ခနလေးနော် မောင်ပြီးတော့မယ်
သွားလေ ကိုကို မောင့်စားပွဲမှာ ထိုင်လေ"

ရိုင်းက လွန်းသုထက်ကို ပျော်ရွှင်စွာပြုံးပြရင်း ကိုကိုနဲ့ ခေါ်ကာ
နူးနူးညံညံလေးပြောလာတာကြောင့်
ထိုင်နေတယ့် လူတွေအားလုံး
အံ့ဩကြီးစွာ

ဟုတ်သည်လေ မာနကြီးပြီး ရုပ်တည်တယ့် ဒီကောင်လေးက
ခုတော့ တစ်ခြားဆီ

လွန်းသုထက်ကတော့ မောင့်စကားကို နားထောင်ကာ မောင့်စားပွဲမှာသာ သွားထိုင်လိုက်သည်။

ရိုင်းဧကရာဇ် ဒီဘက်မှာ ဆက်ဆွေးနွေးတော့

"ceo ဘာဖြစ်လို့ ceoထိုင်ခုံမှာ"

Simple(Complete)Where stories live. Discover now