Ep18

6.6K 535 10
                                    

ကုတင်ပေါ်မှာ မေ့နေတယ့်ကိုကို့ကို
မိသားစုဆရာဝင်ကဘဲ လာရောက်စမ်းသပ်ပေးကာ အားဆေးထိုးပေးသွားသည်။

"လူနာက စိတ်ခိုက်လွယ်တယ်
ပြီးတော့ အားလည်းနည်းနည်းနေတယ်
လူနာကို စိတ်ပျော်အောင် ထားပါ။"

ပြန်သွားတယ့် ဆရာဝန်ကိုလည်း ရိုင်းဧကရာဇ်  လိုက်မပို့မိ

*ကိုကို မောင်နဲ့နေရတာ အဆင်မပြေလို့လား
မောင်က ကိုကို့ကို စိတ်ညစ်စေလို့လား*

ကုတင်ပေါ်မှာ လှဲလျောင်းနေသော သူမှာတော့ မျက်ဝန်းထောင့်မှ မျက်ရည်စီးကြောင်းများ စီးကျလာကာ

>>>>>>>>>>>>>>>>>>

ဥယျာဉ်ထဲတွင်

"အစ်ကိုစေ ပြောပါ"

"လွန်းငယ် ဟိုမှာကြည့်စမ်း ပျော်ဖို့မကောင်းဘူးလား"

လွန်းသုထက်လည်း အစ်ကိုစေ ကြည့်ခိုင်းရာသို့ အကြည့်စေလွှတ်မိကာ

ဘေးခြံကပျော်ရွှင်နေကျတယ့် မိသားစုလေး ကလေးမလေးကို ချီမကာ
စကားတွေ တစ်တီတူးပြောနေကျတယ့် မိသားစုလေးကြောင့် စိတ်လိုလက်ရကြည့်နေမိသည်။

တကယ်ပါ အပျော်တွေက ကူးစက်နိုင်သည်။

စေရှိုင်းသူကတော့သဘောတကျ ရယ်နေတယ့် လွန်းငယ်ကို ကြည့်ရင်း

"သူတို့က ချစ်ဖို့ကောင်းတယ်နော်"

"ဟုတ်တယ် ပျော်စရာကြီး"

" လွန်းငယ်လည်း သူတို့လို နေချင်ခဲ့တာမလား"

စေရှိုင်းသူရဲ့ ရုတ်တရက်ဆန်တယ့်စကားကြောင့်
လွန်းသုထက် အံ့ဩစွာ လှမ်းကြည့်မိသည်။

"ကိုယ့်ကို တကယ်လက်မထပ်နိုင်ဘူးပေါ့
လွန်းငယ်"

"အကိုစေ ကျွန်တော်"

"မပြောနဲ့တော့ လွန်းငယ်
ငါပြောတာဘဲ မင်းနားထောင် မင်းကြည့်စမ်း သူတို့မိသားစုကို အခုကြည့်"

ထိုမိသားစုဘက်ကို လှည့်စေကာ မျက်နှာလွဲ၍ မရအောင် ထိန်းကိုင်ထားတယ့် အစ်ကိုစေ

"မင်းကြည့်စမ်း သူတို့မိသားစုကို
သိပ်ပျော်နေကျတာမလား ဒါပေမယ့် မင်းတွေးကြည့် မင်းလိုအပယ်ခံဘဝကို
ငါနဲ့မေမေကဘဲ စောင့်ရှောက်ပေးခဲ့ကြတာ မင်းမှတ်မိလား
မင်းမေ့ချင်တယ့် အတိတ်တွေက တကယ်မေ့ပစ်လို့မရဘူး လွန်းသုထက် !
မင်း မိသားစုကတောင် ခနတာ
ဂရုစိုက်ခဲ့တာ မင်းအကောင်ကရော
ငါတို့လို ဂရုစိုက်နိုင်မှာလား ဟမ်"

Simple(Complete)Where stories live. Discover now