အခန်း၂ : ပထမစာမျက်နှာ

4.8K 140 1
                                    

🌈 ထာဝရ မင်း 🌈

အခန်း ၂

တန်ဖိုးကြီးအဆောင်အယောင်များဖြင့် ဝင့်ထည်နေသော ကြီးကျယ်ခမ်းနားသည့်ပွဲတစ်ခု။

၆ နှစ်ပြည့်ကလေးတစ်ယောက်၏မွေးနေ့ဆိုလည်း မမှားပေ။

" ဟေ့ ကလေးတွေ ။ အပြင်ဘက်ကို လျှောက်သွားကြနဲ့နော် ။ လမ်းပျောက်လိမ့်မယ် "

ကလေးတစ်စုရှိရာကို အော်ပြောလိုက်သောမိန်းမကြီးသည် စျေးမြင့်မြင့်အသုံးအဆောင်ပစ္စည်းတို့ဖြင့် ဝင့်ဝင့်ကြွားကြွားလှပနေလျက်။

သေချာပေါက် ကလေးစုထဲတွင် ထိုအမျိုးသမီး၏ကလေး ပါနေပေလိမ့်မည်။

" ရန်မဖြစ်ကြနဲ့နော် "

ထိုသို့မှာနေခြင်းက အခြားတော့မဟုတ်။
ယခုမှ စခင် ၊ စသိသည့် ကလေးတွေဖြစ်နေသောကြောင့်သာပင် ။

ခဏကြာတော့ ထိုအမျိုးသမီး၏အပြုံးမျက်နှာနှင့် တောက်တောက်ပြောင်ပြောင်ခန္ဓာကိုယ်ဟာ စားသောက်ပွဲရှိလူအုပ်ကြီးထဲသို့ ရောရောနှောနှောရောက်ရှိသွားတော့သည်။

" မင်းနာမည်က ဘာလဲ? ။ ငါ့နာမည်က လျှံထက်ကောင်းကင် "

" ခန့်ထည် ။ မေကြီးတို့ကတော့ ထည်ထည်လို့ခေါ်ကြတယ် "

အဖြူရောင်အနောက်တိုင်းဝတ်စုံသေးသေးလေးတွေနဲ့ ချစ်စရာကောင်းနေသောကလေးတစ်စုမှ အသံထွက်လာခြင်းဖြစ်သည်။

နာမည်စမိတ်ဆက်တဲ့ကောင်လေးမှာ ချိုသာတဲ့မျက်နှာထားရှိပြီး ပြုံးပြုံးလေးရှိနေသည်။

လူကြီးတွေချစ်စနိုးနဲ့ ထည်ထည်လို့ခေါ်ကြသည့် ကလေးလေးမှာတော့ ပါးမို့မို့လေးတွေရှိပြီး ဒီနေ့ပွဲရဲ့မင်းသားလေးလည်းဖြစ်၏။

" ဟ ဟ ဆိုးလိုက်တဲ့နာမည်ကြီး "

ဒါကတော့ အဖွဲ့ထဲမှာ တစ်မူထူးခြားသည့်အနက်ရောင်အနောက်တိုင်းဝတ်စုံလေးနဲ့ ကောင်လေး၏စကားပင်။
ထိုစကားကြောင့် အနှီကောင်လေး၏ဘေးမှကလေးလေးနှစ်ယောက် အနောက်သို့ရှဲခနဲဆုတ်သွားလေရဲ့။

" ဗြဲ......လူဆိုးကောင်ကြီး! "

အပြောခံလိုက်ရသည့်ထည်ထည်ဆိုသောကလေးငယ်ဟာ ချက်ချင်းထငိုလေပြီ။

🌈 ထာဝရ မင်း 🌈 ( Completed) Where stories live. Discover now