အခန်း ၁၀ : အရာရာမင်း

1.5K 73 0
                                    

အခန်း ၁၀

🌈️‍ထာဝရ မင်း 🌈

အလင်းရောင်တို့ခပ်ဖျော့ဖျော့သာကျန်ရှိနေသော ညအမှောင်ယံတွင် လမ်းကျိုလမ်းကြားပေါင်းများစွာကိုဖြတ်ပြီး အရှိန်ကောင်းကောင်းမောင်းနှင်နေသော အနက်ရောင်ဆိုင်ကယ်တစ်စင်း။
ထိုဆိုင်ကယ်သည် တဖြည်းဖြည်းနှင့် အတော်အတန်ကျယ်ဝန်းသော ဘောလုံးကွင်းဟောင်းတစ်ခုသို့ ဦးတည်လာသည့်အခါ လက်နက်ကိုယ်စီကိုင်ဆောင်ထားသော လူအဖွဲ့ဟာ တစ်ခဏအတွင်း လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

" မင်း သတ္တိကြောင်လှချည်လား နတ်ဆိုး ။ ဟားဟား...တစ်ယောက်တည်းမလာရဲလို့ သေဖော်သေဖက်ပါခေါ်လာတာထင်တယ် "

အဖွဲ့ထဲမှ ရုပ်အဆိုးဆုံးတစ်ယောက်၏ခနဲ့တဲ့တဲ့စကားကြောင့် ဆိုင်ကယ်ပေါ်မှဆင်းနေသည့် ဇာမဏီ့လှုပ်ရှားမှုကတစ်ချက်ငြိမ်သွားသည်။

" အပိုတွေပြောမနေစမ်းနဲ့ ဖြိုးကြီး ။ ဒါက စကားရည်လုပွဲမဟုတ်ဘူး "

စကားသံနှင့်အတူ လူရှဲသွားသောအလယ်မှာ ခပ်ဖြည်းဖြည်းလျှောက်လာသူသည် သူတို့ရှိရာသို့ တည့်တည့်စိုက်ကြည့်လာသည်။

ဒီအသံ။
လျှံ့ရင်တစ်ခုလုံးဗြောင်းဆန်သွားသည်။
ဘာလို့ သူပဲဖြစ်နေပြန်တာလဲ။

" ဇာမဏီ မင်းပြောတော့ တစ်ယောက်တည်းလာမှာဆို ။ ဘာလို့ စကားမတည်တာလဲ? "

" မင်းက ကိစ္စရှိလို့လား? "

မဏီ့ရဲ့အမေးကို ထိုမျက်နှာအုပ်နှင့်သူက တစ်ချက်တုံ့ဆိုင်းသွားသည်။ပြီးမှ ဟက်ခနဲတစ်ချက်ရယ်ကာ နက်မှောင်မှောင်ဆံပင်ရှည်တွေဝဲခါသွားသည်အထိ ခေါင်းကိုယမ်းပြ၏။

" No . ငါ့အတွက်က "

" ဒါဆို စောက်ပိုတွေသိပ်မလုပ်တော့နဲ့ ။ ရှင်းစရာရှိတာ အရင်ရှင်း ။ တစ်ယောက်ချင်းလား? ၊ ဒါမှမဟုတ်....."

မျက်နှာအုပ်နဲ့သူ၏အကြည့်က ဇာမဏီ့ထံမှတစ်ဆင့် ဘေးကသူ့ဆီသို့တရွေ့ရွေ့ရောက်လာသည်။သူသည်လည်း ထိုသူ့အား တန်ပြန်စိုက်ကြည့်နေလိုက်သည်။

ဒီတစ်ခါတော့ မင်းလွန်သွားပြီ ကောင်းမြတ်....
ဒီတစ်ခါ မင်းစိန်ခေါ်လိုက်တာဟာ ငါ့နှလုံးသားဖြစ်နေတယ်.....

🌈 ထာဝရ မင်း 🌈 ( Completed) Where stories live. Discover now