အခန်း ၄ : အသိုက်ပျက်ငှက်ကလေး

2.3K 100 3
                                    

အခန်း ၄

🌈 ထာဝရ မင်း🌈

ဖခင်တစ်ဦးတည်းသာရှိသည့်သူအဖို့ ကောင်းကင်တံတိုင်းကြီးပြိုကျပျက်စီးသွားသည့်အခါ မိသားစုဆိုတဲ့ဘဝလေးတစ်ခုလုံး အစအနပျောက်သွားခဲ့ရသည်။

တကယ့်တကယ် မိသားစုတွေစွန့်ခွာသွားခြင်းခံရသည့်အခါ ငွေဆိုတဲ့သက်မဲ့အရာတွေဟာလည်း တန်ဖိုးမရှိတော့။ကြွယ်ဝချမ်းသာခြင်းတွေကလည်း အသုံးမဝင်တော့ပေ။ပူလောင်မှုတစ်ခုသာ ဖြစ်လို့လာသည်။တစ်နည်းအားဖြင့် အန္တရာယ်များစေတတ်ပြီး အသက်ကိုပင်ခြိမ်းခြောက်လာနိုင်သည့်ထိုသက်မဲ့တွေ။

တောင်လုံးကြီးနှင့်တူသောဖခင်၏အရိပ်ကြီးပြိုကျသွားသည့်အခါ ထိုနေရာ၌ဆက်ပြီးရပ်နေဖို့ခွန်အားမရှိတော့။ထို့ကြောင့် ကြေကွဲပြိုပျက်မှုအပိုင်းအစတွေကိုချန်ခဲ့ရင်း ခပ်ဝေးဝေးကိုသာပြေးရသည်။

ဘယ်တတ်နိုင်ပါ့မလဲလေ။
မြင်သမျှဟာ မရှိတော့သည့်တောင်လုံးကြီး၏အမှုန်အမွှားတွေပဲဖြစ်နေတော့ မမြင်ရက်စွာထွက်ပြေးမိတာပေါ့။ဒါပေမဲ့ ဘယ်တော့မှတော့ မေ့သွားလိမ့်မည်မဟုတ်။

ရင်တွင်း၌နက်ဝင်သောဓားတစ်ချောင်း၏ဒဏ်ရာဟာ နှလုံးသားတစ်ခုလုံးမှာပြည့်နက်ခဲ့၍ ရှင်သန်နေသောဘဝတစ်ခုဟာ သေဆုံးပြီးသားလူတစ်ယောက်နဲ့မခြားခဲ့ပေ။

ပတ်ဝန်းကျင်အသစ်မှာ နေသားကျဖို့က ပတ်ဝန်းကျင်အဟောင်းကို မေ့နိုင်မှဖြစ်မည်ဆိုတော့ ထာဝရမဟုတ်ရင်တောင် တစ်ခဏတော့စွန့်လွှတ်ရပါဦးမည်။

ဘဝဆိုတဲ့နေထိုင်မှုမှာ မျှော်လင့်ချက်ဆိုတဲ့ရောင်ခြည်လေးကို အပိုင်ဖမ်းဆုပ်နိုင်ဖို့အတွက်က ခဏတာနာကျင်ရလည်းဖြစ်ပါတယ်လေ။မျှော်လင့်ထားသည့်ရည်မှန်းချက်လေးသာ ပြီးဆုံးအောင်မြင်သွားရင် လောကကြီးမှာနေထိုင်ခွင့်မရတော့ရင်လည်း ကိစ္စတော့သိပ်မရှိ။လူတွေဆိုတာဟာ တစ်မျိုးမျိုးတော့ အတ္တဆန်ကြသည်မို့။

" သားအတွက် ဒီအခန်းလေးပြင်ပေးထားတယ် ။ ကြိုက်တယ်မလား "

လက်ကိုဆွဲရင်း အပြာရောင်ဆေးခြယ်ထားသည့်အခန်းလေးကို လိုက်ပြနေသော အန်တီလေး။

🌈 ထာဝရ မင်း 🌈 ( Completed) Where stories live. Discover now