အခန်း ၈ : အစားထိုးခံ

1.9K 72 0
                                    

အခန်း ၈

🌈 ထာဝရ မင်း🌈

" ဟိတ်ကောင်တွေ ! ကောင်းမြတ်ထူးတို့ရန်ဖြစ်လို့ အခုဆရာကြီးရုံးခန်းရောက်နေတယ်တဲ့! "

အခန်းပေါက်ဝမှ ကျောင်းသားတစ်ယောက်၏အမောတကောအပြောကြောင့် အင်္ဂလိပ်အက်ဆေးရေးနေရာမှ ဘာရယ်မဟုတ်နားစွင့်လိုက်မိသည်။စိတ်ထဲတွင်လည်း လေးလံနေသည်ကဘာကြောင့်ရယ်မသိ။

" ကောင်းမြတ်ထူးနဲ့ ဘယ်သူလဲ? "

နောက်ထပ်ကျောင်းသားတစ်ယောက်၏အမေးစကားမှာတင် သူ့လက်ထဲကဘောပင်လေးငြိမ်သက်လို့သွားသည်။

" နတ်ဆိုးလေ ။ ငါတို့ကျောင်းရဲ့နတ်ဆိုး ဇာမဏီပဲပေါ့ "

နားထဲတွင်အူသွားကာ စိတ်လှုပ်ရှားမှုတို့ကြောင့် ပြေးထွက်လာမိသည့်ခြေထောက်တွေပင် ထုံကျင်လို့နေသည်။

မဏီ~~~
မင်းပဲလား? ~~

ကျောင်းအုပ်ရုံးခန်းရောက်သည်နှင့် ခွင့်တောင်မတောင်းနိုင်ဘဲ ထိုင်ခုံမှာခပ်တောင့်တောင့်ထိုင်နေသူအနားသို့ အပြေးအလွှားသွားမိသည်။

" မဏီ! ဘာဖြစ်သွားသေးလဲ? "

ရေးကြီးသုတ်ပျာဖြစ်နေသည့်သူ့ကို မှုန်တေတေမျက်ဝန်းတွေနဲ့ မော့ကြည့်လာသည်က အထင်သေးလိုက်လေခြင်းဆိုသောပုံစံမျိုး။ဘေးနားကစူးရှရှမျက်ဝန်းတွေကိုတော့ သူမမြင်မိ။မမြင်မိဆိုသည်ထက် ဂရုမစိုက်မိတာသာဖြစ်သည်။

" မင်းတို့ မိဘတွေခေါ်လာခဲ့ရမယ် ။ ရန်ဖြစ်တာကို ဒီအတိုင်းပေါ့လို့မရဘူး ။ အကုန်လုံးကိုအသိပေးပြီးမှ ထိုက်သင့်တဲ့အပြစ်ဒဏ်ကိုခံရမယ် "

" ဟုတ်ကဲ့ ဆရာကြီး "

" ကျွန်တော်က မိဘမဲ့ "

စကားသံနှစ်ခုက ပြိုင်တူညီစွာထွက်ပေါ်လာသည်။ဆရာကြီး၏မျက်ခုံးတန်းတွေလည်း အနည်းငယ်တွန့်ကုပ်သွားပြီး စားပွဲခုံပေါ်ကစာရွက်တစ်ရွက်ကို လက်ညှိုးနဲ့အထက်အောက်ဆွဲပြီးကြည့်သည်။

" ဇာမဏီက အဖေရှိသေးတယ်မဟုတ်လား ။ ဦး.. "

" သူက အိမ်မှာမရှိဘူး ။ တစ်နှစ်တောင် တစ်ခါမလာတတ်ဖူး "

🌈 ထာဝရ မင်း 🌈 ( Completed) Where stories live. Discover now