အခန်း ၁၆ : ဆက်ရန်မရှိတော့သည့် ဇာတ်သိမ်း

4.6K 106 23
                                    

အခန်း ၁၆

🌈ထာဝရ မင်း 🌈

သူ့အသိစိတ်တွေ ပျောက်ဆုံးနေသည်။နွေးထွေးနေသေးသည့်ကိုယ်လုံးလေးကို ပွေ့ပိုက်ထားရလို့လားမသိ။သူ့ရင်တွင်းတစ်နေရာဟာ လည်း အဆမတန်ပူလောင်နေလျက်။သူ့ပါးက စွတ်စိုမှုတချို့ကို သူသိနေပါသော်လည်း သုတ်ဖယ်ပစ်ဖို့အတွက် ခွန်အားမရှိ။ လက်အပို တစ်စုံကိုသာ ဘုရားရှင်ထံ တိတ်တိတ်လေး သူဆုတောင်းမိသည်။

" သား "

ထိုစဥ် ရုတ်တရက်ထွက်လာသော အသံတစ်ခု။သူ့နှလုံးသားကို ချေမွပစ်လိုက်သည့်အတိုင်းပင်။ကြောက်ရွံ့စွာဖြင့် သူမော့မကြည့်နိုင်ခဲ့။ထိုခေါ်သံပိုင်ရှင်ကို သိနေပေမယ့်လည်း..

" တစ်နေရာကို ရှောင်နေလိုက်ပါ ။ ကျန်တဲ့ကိစ္စ အဖေရှင်းလိုက်မယ် "

လူတစ်ယောက်သေရတာကို အဖေက နေသားကျနေပုံပဲ။လေသံတောင် အပြောင်းအလဲမရှိဘဲ သက်တောင့်သက်သာဖြစ်နေသည်။

" ရှင်းမယ်? ဘာကိုလဲ အဖေ ။ အဖေက ဘာကိုရှင်းမှာလဲ? "

သူ့အသံတွေ တုန်ယင်နေမှုကို အဖေက အံ့ဩသွားသည်ထင်ပါရဲ့။နောက်ထပ်စကားသံ ထပ်ပြီးထွက်မလာတော့။

သူ လက်တွေကြားက မျက်နှာဖွေးဖွေးလေးကို အကြာကြီးငေးစိုက်ကြည့်နေလိုက်သည်။
သိပ်မထူတဲ့ မျက်ခုံးတန်းလေးတွေ။
တိုစိပ်စိပ် မျက်တောင်ဖျားကလေးတွေ။ပြီးတော့ မချွန်မလုံးနှာခေါင်းရှည်လေး။သူ ဂရုတစိုက်ကို မှတ်သားနေလိုက်သည်။ဒီမျက်နှာရဲ့အစိတ်အပိုင်းအားလုံးကို သူအမြဲမှတ်မိချင်သည်မို့။

သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ဒီလူသားဟာ သူ့ကိုထားခဲ့လိမ့်မယ်လို့ သူတစ်ခါလေးတောင်မှ စိတ်ကူးယဥ်မကြည့်ဖူးသည်အထိ။အဲ့လောက်ထိ သူ ယုံကြည်ခဲ့တာ။
သူဘယ်လောက်ဆိုးဆိုး သူ့ကိုမထားနိုင်လောက်ဘူးဆိုပြီးလည်း သူ့ကိုယ်သူအထင်တွေကြီးနေခဲ့တာ။
နောက်ဆုံးတော့လည်း သူပဲအညာခံလိုက်ရသည်။ထိုသူကတော့ သူ့ကိုပစ်ပစ်ခါခါကြီးတောင် ရက်စက်စွာထားသွားလေရဲ့။

မင်းက သိပ်ကိုမုန်းကောင်းတာပဲ လျှံ! ငါ့ရဲ့ယုံကြည်မှုကို ဖျက်လို့ဖျက်ဆီးလုပ်သွားတာ! ငါ မင်းကိုမကျေနပ်ဘူး!

🌈 ထာဝရ မင်း 🌈 ( Completed) Where stories live. Discover now