အခန်း ၅ : မင်းဟာ ငါအမြဲတမ်းမနိုင်ချင်တဲ့ အရှုံး

2.2K 88 3
                                    

အခန်း ၅

🌈ထာဝရ မင်း🌈

တစ်ခါတလေ တိုက်ဆိုင်မှုတွေက ဆန်းကြယ်လွန်းနေတတ်သည်။ဥပမာ ကိုယ်ကအဝေးကြီးလို့ထင်နေရပေမဲ့ ကိုယ့်ရဲ့အနီးဆုံးမှာပဲရှိနေတတ်တာမျိုး။

" ညရောက်ရင် ဝရန်တာဘက်ထွက်ခဲ့ "

ခပ်တင်းတင်းမျက်နှာနှင့် အမိန့်ဆန်ဆန်စကားလုံးတွေဟာ အခြားသူများအဖို့ ခါးသက်ချင်ခါးသက်လိမ့်မည်။သူ့အတွက်တော့ ကြားနေကြ ၊ မြင်နေကြဖြစ်နေတော့လည်း နည်းနည်းလေးတောင်စိတ်မရှိမိ။

ကာလတွေကြာလာသည်နှင့် ပြောင်းလဲလာတဲ့ခင်မင်မှုတွေဟာ တစ်ရစ်ရစ်တိုးလာတဲ့ပင့်ကူအိမ်ကချည်မျှင်တွေလိုမျိုး ခိုင်မြဲလာသည်။အများရဲ့အမြင်မှာ သူတို့က ဆန့်ကျင်ဘက်တွေဖြစ်နေသော်လည်း သူတို့အမြင်မှာတော့ အကုန်လုံးဟာအတူတူပါပဲလို့ သတ်မှတ်ထားဆဲ။

အချိန်တွေကြာသည်နှင့်သိလာရသည့် အကြောင်းအရာတွေမှာ နတ်ဆိုးကလေးဟာ သူထင်ထားသည်ထက်ပို၍ဆိုးပါ၏။အရာရာပထမဖြစ်ချင်သည့်ဉာဉ်ဆိုးလေးကြောင့်အရှုံးဆိုတဲ့ဝေါဟာရကို သေလောက်အောင်ရွံ့မုန်းပါသော ထိုနတ်ဆိုးလေးက သူ့ကိုဆိုလည်း အမြဲအနိုင်ယူလေ့ရှိသည်။တစ်ခါတစ်ရံ ပြိုင်ဘက်တစ်ယောက်လိုသဘောထားခြင်းပါ ခံရသေးသည်။

သို့သော် ထိုနတ်ဆိုးလေးဟာ မသိရှာခဲ့ပါ။
​လျှံရေ ဆိုပြီးသူတစ်ခွန်းခေါ်ရုံမျှနဲ့ ဒီလူဟာအရာရာအတွက် အရှူံးပေးဖို့အဆင်သင့်ဖြစ်နေခဲ့တယ်ဆိုတဲ့အကြောင်း သိပ်ကိုဉာဏ်ကောင်းလွန်းတဲ့ အဲ့ဒီ့နတ်ဆိုးလေးက နည်းနည်းလေးတောင်သိလို့မနေခဲ့။ထို့ကြောင့် သူကိုယ်တိုင်ကပင် အဲ့လိုဖြစ်ဖို့ ကိုယ်တိုင်ဖန်တီးယူနေရသည်။

လပတ်တိုင်းရဲ့စာမေးပွဲတွေမှာ....
ဂိမ်းအတူတူပြိုင်ဆော့တဲ့နေ့တွေမှာ....
မိုးအုံ့လို့စက်ဘီးပြိုင်ကြတဲ့ ညနေခင်းတွေမှာ....

သူဟာ ထိုနတ်ဆိုးလေးအား အမြဲအနိုင်ပေးထားခဲ့သည်မှာ စတွေ့တဲ့မွေးနေ့ပွဲမှာကတည်းကပင်ဖြစ်သည်။ရိုင်းစိုင်းစွာနဲ့ ရင်ထိုးကိုလုယူသွားခဲ့တာတောင် အော်ပစ်ဖို့ကိုမလုပ်ချင်ခဲ့။ပိုပြီးသေချာသွားခဲ့တာက သူလိုချင်တာရသွားလို့ ကျေနပ်သွားတဲ့နတ်ဆိုးရဲ့မျက်နှာကလေးပင်။သူ ဘယ်လိုမှ မေ့မသွားခဲ့။အဲ့ဒီ့နောက်ပိုင်း ထိုနတ်ဆိုးလေးကိုအမြဲသတိတရရှိလို့နေခဲ့သည်။

🌈 ထာဝရ မင်း 🌈 ( Completed) Where stories live. Discover now