အခန်း ၁၅ : နိဂုံးရဲ့နိဂုံး

2.5K 81 0
                                    

အခန်း ၁၅

🌈ထာဝရ မင်း 🌈

ထူးဆန်းစွာပဲ သူဒီနေ့ မဏီ့အိမ်ကို ရောက်လာခဲ့သည်။ပိုပြီး ထူးဆန်းသည်က မဏီကိုယ်တိုင်လာခဲ့ဖို့ ဖိတ်ခေါ်ခဲ့ခြင်း။ရင်းနှီးခဲ့ဖူးသော သက်တမ်းတစ်လျှောက်မှာ ဒါသည် ပထမဆုံးအကြိမ် ဖြစ်သည်။ပြီးတော့ မဏီ့အဖေကိုလည်း သူမမြင်ဖူးဘူး။ဒါပေမဲ့ ခြံထဲမှာ ကား ၃ ၊ ၄ စီးရပ်ထားတာတွေ့ရင်တော့ မဏီ့အဖေရှိနေသည်ဟု သူမှတ်ထားမိသည်။မဏီကလည်း သူ့အဖေအကြောင်း တစ်ခါမှ​ပြောလေ့မရှိ။
သူ သိပ်တန်ဖိုးထားရတဲ့နတ်ဆိုးက အဲ့လိုပဲသူစိမ်းဆန်တတ်သည်။

ဘာ့ကြောင့်တွေ့ဖို့ခေါ်သည်ဆိုတာ မခန့်မှန်းမိပေမယ့် သူဆိုသည်ကလည်း ' အိမ်ကို အခုလာခဲ့ လျှံ ' ဆိုတဲ့ message တစ်စောင်နဲ့တင် မဏီဆိုတဲ့နတ်ဆိုးရှိရာ ဘေးခြံဘက်သို့ အတုန့်အဆိုင်းမရှိ အသော့နှင်လျက်သားဖြစ်နေခဲ့သည်။သူ့အပေါ် နတ်ဆိုးက အဲ့လောက်ထိလွှမ်းမိုးထားနိုင်သည်။ဒါဟာလည်း သူကိုယ်တိုင်အလျှော့ပေးမိခဲ့သော အလေ့အကျင့်တစ်ခုပါပဲ။မြတ်နိုးလွန်းလို့ အလိုလိုက်မိခဲ့ခြင်းတွေပေါ့။

မှောင်ရည်ပျိုးစမို့ ခြံထဲရှိအပင်ငယ်များ၏အရောင်က အနည်းငယ်မှိုင်းညှို့နေသည်။သူ ထိုအပင်ရောင်စုံတန်းကိုဖြတ်ပြီး ခမ်းနားကြီးကျယ်သောတိုက်ကြီးထဲသို့ ခပ်သော့သော့ဝင်လာခဲ့လိုက်သည်။

ကတောင်!

လက်ထဲက ဖုန်းကို ဖွင့်ပြီးကြည့်လိုက်တော့

ငါ အပြင်ခဏသွားတယ်။အိမ်ထဲမှာပဲ စောင့်နေ။ မကြာစေရဘူး။

ထိုစာစောင်ကိုဖတ်ပြီးနောက် သူသက်ပြင်းချကာ ဧည့်ခန်းမှာပဲ ထိုင်စောင့်နေလိုက်သည်။ရင်ခုန်သံဟာလည်း အပြိုပြိုအယွင်းယွင်း။
ဒီအိမ်ကို ခြေစချပါပြီဆိုကတည်းက သူပျော်နေခဲ့သည်။သူ့ရဲ့နတ်ဆိုးဟာ သူ့ကို အခြားဘယ်သူ့ကိုမှမပေးဖူးသော အခွင့်အရေးမျိုးကို ပေးလာခဲ့ပြီမဟုတ်လား? သူပျော်တာက ဖြစ်သင့်၏။

တဖြည်းဖြည်းတွေးရင်း သူ့ရင်ဝယ် ကြည်နူးပီတိတို့ လှိုက်ဖြာဝေလာသည်။ထိုနတ်ဆိုးနဲ့ မျက်နှာချင်းဆိုင်ရမှာကိုတောင် အနည်းငယ်ရှက်ရွံ့လာသည့်ခံစားချက်က ဘယ်ကလာသလဲ?
ဖြစ်ကောင်းဖြစ်နိုင်တာကတော့ သူ့ရဲ့အတွေးလွန်ခြင်းက ဖြစ်ပါလိမ့်မည်။
ဖြစ်နိုင်သည်ထက်ပိုပြီး စည်းဘောင်ကျော်ကာစိတ်ကူးယဥ်နေမိလို့။

🌈 ထာဝရ မင်း 🌈 ( Completed) Where stories live. Discover now