အခန်း ၆ :ထာဝရအတွက် အရှုံးပေးပြီးသားလူ

1.8K 79 3
                                    

အခန်း ၆

️‍🌈ထာဝရ မင်း🌈

ဟာ!!

အို !!

စီတန်းထွက်လာသောအာမေဋိတ်သံများနောက်တွင် အရှိန်နှင့်ပစ်လဲကျသွားသော ခန္ဓာကိုယ်တစ်ခု။ထို့နောက် ပွဲကြည့်သည့်သူအပေါင်း မတ်တတ်ရပ်ပြီးသားဖြစ်သွားကြသည်။

" လျှံ!! "

ခေါ်သံနှင့်အတူ ပွေ့ချီထူမလိုက်သည့်လက်ထဲတွင် ခွေခေါက်စွာပါလာသောခန္ဓာကိုယ်က အားအင်ကုန်ခမ်းနေသည့်နွယ်ပင်တစ်ခုလို။

" လျှံထက်ကို ကျောင်းဆေးခန်းပို့ရအောင် ဇာမဏီ "

ဘေးနားကကျောင်းသားတစ်ဦးက သတိပေးသလိုပြောလာပြီး လျှံထက်ကောင်းကင်ကိုတွဲဖို့ပြင်လိုက်သည်။

" မင်းတို့ မလိုဘူး "

လက်တစ်ဖက်ဖြင့် ဆောင့်တွန်းကာ သတိမေ့မျောသူအား ဆတ်ခနဲကောက်ယူပွေ့ချီလိုက်ပြီးနောက် ခပ်သုတ်သုတ်လျှောက်သွားသည့်ကျောင်းရဲ့နတ်ဆိုးအား လဲနေသည့်ကောင်လေးမှ မကျေမနပ်အကြည့်များဖြင့် ကြည့်နေရင်းကျန်နေခဲ့၏။သူ၏နှုတ်ခမ်းပါးများကတော့ ခပ်ထေ့ထေ့ပြုံးလျက်။

️‍🌈️‍ထာဝရ မင်း🌈

မျက်လုံးတို့မဖွင့်သေးသည့်တိုင် နှာခေါင်းဝသို့အတင်းအကန်တိုးဝင်လာသောဆေးနံ့တို့ကြောင့် ကိုယ့်ကိုယ်ကိုယ်ဆေးခန်းတစ်ခုရောက်နေမှန်း သိလိုက်သည်။ဘာကြောင့်လဲဆိုသောအဖြေကိုသိရဖို့အတွက် သိမ်းဆည်ထားသည့်မှတ်ဉာဏ်တွေကို တစ်စချင်းဆွဲထုတ်ကြည့်မိတော့ ဒီနေ့ရဲ့ဘတ်စကက်ဘောပြိုင်ပွဲကို အရင်ဦးဆုံးသတိရလိုက်သည်။ထို့နောက် သူ....။

" အခုတော့ နိုးလာပြီပေါ့ "

မျက်လုံးတို့ဖွင့်လျှင်ဖွင့်ချင်း ကြားလိုက်ရသည့်အသံက ချိုသာမနေဘဲ အနည်းငယ်ခပ်ဆတ်ဆတ်နိုင်နေသည်။သူကတော့ နိုးနိုးချင်းတန်းပြုံးမိတော့တာပဲ။

" မပြုံးစမ်းနဲ့ လျှံထက်ရာ ။ အခုအတွက် ဘယ်လိုဖြေရှင်းချက် မင်းပေးမှာလဲ ပြော "

ဘယ်တော့မှမပြောင်းလဲတဲ့ မျက်ခုံးတန်းစုကုပ်ကုပ်လေးတွေကို မြင်နေရပြန်သေးသည်။ပြီးတော့ ဒေါသတွေမျိုသိပ်ထားရသလိုဖြစ်တည်နေတဲ့ ဖိပိတ်ပိတ်နှုတ်ခမ်းညိုတွေ။

🌈 ထာဝရ မင်း 🌈 ( Completed) Where stories live. Discover now