အခန်း ၉ : လွန်ဆန်ဖို့မတတ်နိုင်သော

1.6K 63 1
                                    

အခန်း ၉

️‍🌈️‍ထာဝရ မင်း🌈

နွေရာသီကျောင်းပိတ်ရက်မို့ မိသားစုတွေခရီးထွက်ဖို့အကြောင်း
ဖန်လာပြန်သည်။ဦးငယ်လေးနဲ့ အန်တီလေးတို့၏ သူ့ကိုစိတ်ပျော်စေရန်အတွက်သာရည်ရွယ်ခဲ့သည့်ခရီးပေမို့ မငြင်းရက်စွာဖြင့်လည်း လိုက်ခဲ့မိသည်။

ကားစထွက်သည်နှင့် နားကြပ်ကိုနားမှာထိုးကာ သီချင်းအေးအေးလေးဖြင့် ငြိမ့်နေလိုက်သည်။ဘယ်နေရာဆိုတာလည်း မမေးဖြစ်။သူတစ်ယောက်ကိုအသိမပေးခဲ့သည့်ကတိုက်ကရိုက်ခရီးဖြစ်လို့ စိတ်ထဲတွင်တော့သိပ်နေလို့မကောင်း။ အပြန်တော့ သူတစ်ခုခုပေးပြီးချော့ရမယ်ထင်ရဲ့။သို့ပေမဲ့ ကလေးမဟုတ်တော့သည့်မဏီဟာ လိုချင်သည့်အရာများများစားစားတော့ရှိမည်မဟုတ်။တစ်ခုတော့ရှိသည်။ထိုတစ်ခုကတော့ ပြိုင်ပွဲ။ဟုတ်သည်။ မဏီဆိုသောနတ်ဆိုးဟာ ပြိုင်ရတာကိုနှစ်ခြိုက်သည်။အထူးသဖြင့် သူနှင့်ယှဥ်ပြိုင်ရခြင်းကို ပိုပြီးမွေ့လျော်တတ်သူ။သူအရှုံးပေးလျှင်လည်းမကြိုက်သလို သူနိုင်လျှင်လည်း အံတကြိတ်ကြိတ်နှင့်မကျေနပ်ဖြစ်နေတတ်သူ။

🎶 You're all. I ever need.🎶
🎶 baby you're amazing....you're my angle come and save me.🎶

အတွေးတို့နှင့်သူ့နှုတ်ခမ်းတွေကွေးညွတ်သွားချိန် ရုတ်တရက်ထမြည်လာသောဖုန်းသံက ငြိမ်သက်နေသောကားအတွင်း စူးရှကျယ်လောင်စွာရိုက်ခတ်သွားသည်။

" ပြော  မဏီ "

"" ဘယ်မှာလဲ? ""

" ငါ အခု အဝေးပြေးလမ်းပေါ်မှာ "

"" ချက်ချင်းပြန်လာခဲ့ ""

ဖုန်းစပီကာတိုးတိုးမှစကားသံဟာ သိပ်မကျယ်ပေမဲ့ မလုံမလဲစိတ်တို့ကြောင့် မျက်လုံးတို့က ကားအရှေ့ကိုခန်းကိုဝေ့ခနဲရောက်သွားမိသည်။သူ့ကို ကားနောက်မှန်မှမသိမသာကြည့်နေသော အန်တီလေးကြောင့် ဆက်ပြောရမည့်စကားတောင် ချက်ချင်းမ​ပြောနိုင်ဖြစ်သွားသည်။

"" အခုချက်ချင်း ငါ့ဆီပြန်လာခဲ့လို့ ""

" မဏီ ။ ငါအခု "

"" မလာဘူးလား? ""

" မဟုတ်ဘူး ။ ငါတို့ ခရီးထွက်ကြမလို့ မဏီရ ။ ၃ရက်တည်းတင် ၊ အဲ့၃ရက်ပြည့်ရင် မင်းဆီကိုတန်းလာခဲ့မယ် ဟုတ်ပြီလား? "

🌈 ထာဝရ မင်း 🌈 ( Completed) Where stories live. Discover now