အခန်း ၁၄ : မင်းဟာ ငါ့ရဲ့နွံ

1.6K 67 0
                                    

အခန်း ၁၄

️‍🌈ထာဝရ မင်း🌈

ဝမ်းနည်းနာကျင်နေသည့် ထိုကောင်လေးအား သူအပြေးလေးထွေးပွေ့လိုက်မိသည်။သိပ်ပြီး အထိအခိုက်မခံနိုင်သည့် နှလုံးသားကလည်း ရင်နှင့်မဆန့်သည့်ဝေဒနာဖြင့် ရိုင်းစိုင်းစွာလှုပ်ယမ်းလို့။

တစ်လောကလုံးနဲ့တစ်ယောက် ဖြစ်နေတတ်သည့် ဤနတ်ဆိုးဟာ မျက်ရည်ကျတတ်သတဲ့လား??
သူ အဟုတ်အံ့ဩမိပါရဲ့။ ပြီးတော့ နာလည်းနာကျင်မိသည်။

" ငါ လာပြီလေ မဏီ။ မင်းဆီကိုရောက်အောင် ငါလာခဲ့ပြီ ။ အဲ့တာကြောင့် မငိုပါတော့နဲ့ "

အနည်းငယ်တုန်ယင်နေသာကျောပြင်လေးကို သူခပ်ဖွဖွပုတ်ပေးရင်း နှစ်သိမ့်စကားတို့ဆိုနေလိုက်သည်။

မှန်သောစကားကိုဆိုရပါလျှင် ဤနတ်ဆိုးငယ်အား သူမငိုစေလိုပါ။သူမြတ်နိုးရသည့်ပါးပြင်နုနုပေါ်ကို ထိုမျက်ရည်များ အလွယ်တကူစီးဆင်းနေတာကိုလည်း သဘောမကျ။ဖြစ်နိုင်လျှင် အညိုစင်လေး၏ပါး​တွေကို နဂိုအတိုင်းလေးပဲရှိစေချင်သည်။
တစ်စုံတစ်ခုတို့ကြောင့် မရဲစေချင်။

" လျှံ "

ထိုစဥ် သူ့ခါးတွေကိုဖက်တွယ်လာရင်း လေသံသဲ့သဲ့ဖြင့် ခေါ်သည်။

" အင်း ငါရှိတယ်။ ပြော "

ထိုသို့ထူးလိုက်တော့ သူ့ပခုံးပေါ်မေးတင်လာသည့် အနှီကောင်လေးဟာ ဝမ်းနည်းစိတ်တော့ပျောက်သေးဟန်မတူ။တစ်ချက် တစ်ချက် နှာရှုံ့သံတိုးတိုးကို ကြားနေ​ရသေးသည်။

" ကျေးဇူးပါ။ "

ဒါဟာ သူ ပထမဆုံးကြားဖူးသောစကားပါပဲ။
လူတိုင်းကို ကျေးဇူးတင်စကားပြာဖို့မဆိုထားနှင့် သူ့ကြောင့်အနာတရဖြစ်သွားရင်တောင် မတောင်းပန်တတ်တဲ့ အနှီနတ်ဆိုးငယ်ဆီကပေါ့။
သူ ကျေနပ်သဘောကျစွာ ပြုံးလိုက်သည်။

" ဘာအတွက် ကျေးဇူးလဲ မဏီ။ ငါ တကယ်မသိလို့ "

" အရာအားလုံးအတွက်ပေါ့ လျှံ ။ ငါ့အနားမှာ အခုထိနေပေးတဲ့အတွက်ရော "

သူ ရည်ရွယ်ထားခဲ့သည်မှာ ထာဝရအထိပင်ဖြစ်ကြောင်း ထိုကောင်လေးအားသူမပြောဖြစ်။

🌈 ထာဝရ မင်း 🌈 ( Completed) Where stories live. Discover now