အခန်း ၁၂ : မှန်ကန်စေချင်ခဲ့သော အဆိုတစ်ခု

1.4K 63 2
                                    


အခန်း ၁၂

️‍🌈ထာဝရ မင်း 🌈

တစ်ပတ်ကြာသည်အထိ သူအခန်းတွင်းအောင်းနေမိသည်။ဦးလေးငယ်တို့လည်း ခရီးကပြန်ရောက်နေပြီးဖြစ်သလို သူ့အကြောင်းတွေကိုလည်း သိနေပြီးဖြစ်သည်။ထမင်းစားချိန် လာခေါ်တာကလွဲလို့ သူ့အခန်းကိုဘယ်သူမှ အချိန်ကြာကြာမလာကြ။

ဖျောင်းဖျပေးဖို့အတွက် သူတို့မှ မတတ်နိုင်ဘဲလေ။အသက်ငယ်ငယ်လေးနဲ့စိတ်ဒဏ်ရာရခဲ့တဲ့ကလေးငယ်က ဘယ်တုန်းကများသူတို့ကို အရေးတယူရှိခဲ့ဖူးလို့လဲ?
အေးအေးနေတတ်ပေမယ့် ခေါင်းမာသူတစ်ယောက်ဖြစ်လို့ ဖခင်မဲ့သွားတာတောင် သူတို့တွေကိုမခင်တွယ်ခဲ့ပါ။

ဒီကောင်လေးရဲ့ အတွေးထဲမှာ သူတို့ဟာ ဆွေမျိုးဆိုတဲ့ရင်းနှီးမှုလောက်ပဲ သတ်မှတ်ထားပုံရသည်။ဘယ်ကိစ္စမဆို တိုင်ပင်ခြင်းလည်းမရှိသလို ဘယ်လိုစိတ်ခံစားမှုပဲကြုံရကြုံရ ဖွင့်ပြောလေ့မရှိဘဲ မျိုသိပ်ထားတတ်သည်။မိဘမဲ့တစ်ယောက်ဖြစ်သွားခဲ့တာတောင် သူ့တစ်သက်စာလုံလောက်ရုံတင်ချန်ပြီး အားလုံးလှူဒါန်းခဲ့သည်ကိုကြည့်ခြင်းအားဖြင့် သူတို့အပေါ်မှီခိုလိုခြင်းစိတ်ဓာတ်ကင်းမဲ့ကြောင်းကိုလည်း အပြည့်အဝခံစားမိလိုက်သည်။

အိပ်ရာပေါ်တွင် ငြိမ်သက်လဲလျောင်းနေသူအား အခန်းတံခါးဝမှရပ်ကြည့်ရင်း သူတို့တွေ တစ်ဦးနဲ့တစ်ဦး စိတ်မကောင်းစွာဖြင့် ပြိုင်တူသက်ပြင်းချလိုက်မိကြသည်။ဒီကလေးရဲ့ဒဏ်ရာတွေဟာ ဘာလို့များ တစ်ခုပြီးတစ်ခုတိုးလာရသလဲကွယ်?
အပြစ်ရှိလို့ ကောင်းကင်ကဒဏ်ခတ်ရင်တောင် ဒီလောက်နဲ့ပဲ ကျေသွားဖို့တောင်းဆုပြုချင်ရဲ့?
ဒီကောင်ငယ်လေးဟာ သိပ်ကိုသနားစရာကောင်းလွန်းလှသည်မို့။

မျက်နှာမကောင်းစွာဖြင့်လှည့်ထွက်သွားကြသူများနောက်တွင် တံခါးပိတ်သံတိုးတိုးက ချပ်ခနဲမြည်ကျန်နေခဲ့သည်။ထို့နောက် လှုပ်ရှားသွားသော မွေ့ယာအစပ်လေး။

တရိပ်ရိပ်တက်လာသော မိုးသားတိမ်ညိုတွေကို မှန်ပြတင်းပေါက်နားမှ ငေးရင်း အသက်ကိုဝဝရှူသွင်းလိုက်သည်။ထိုအခါ မိုးနံ့ရောသောလေအေးအေးက သူ့နှာခေါင်းဝပူပူမှတစ်ဆင့် ထုံထိုင်းနေသောကိုယ်ခန္ဓာအတွင်းသို့ တစိမ့်စိမ့်ချဥ်းနင်းသွားတော့သည်။

🌈 ထာဝရ မင်း 🌈 ( Completed) Where stories live. Discover now