အခန်း ၁၁ : တောင့်တမှုလေး

1.5K 64 0
                                    

တောင့်တမှုလေး

အခန်း ၁၁

️‍🌈ထာဝရ မင်း 🌈

နေသာသောတစ်နေ့၌ သတင်းဆိုးတစ်ခုဟာ ကိုယ်ကမဖိတ်ခေါ်ပါဘဲ အိမ်ပေါက်ဝအထိ အရောက်လာခဲ့သည်။ထိုသတင်းဆိုးဟာ လေညှင်းတချို့ကို ငိုကြွေးစေခဲ့သလို သစ်ရွက်ခြောက်တွေကိုလည်း ညှိုးရော်စေခဲ့ပြီး ပန်းရနံ့တို့ကိုလည်း ဝမ်းနည်းစေခဲ့သည်။

အသက်ငယ်သေးသော ကောင်မလေးတစ်ယောက်ရဲ့ မျက်လုံးလှလှလေးများကိုလည်း ရက်စက်စွာဖျက်ဆီးသွားခဲ့သည်။

" လာဖြစ်အောင်တော့ လာခဲ့ပေးပါ အစ်ကို ။ ကိုကိုကမမှာခဲ့ပေမယ့် သူ့ရဲ့နောက်ဆုံးဆန္ဒလေးဖြစ်ချင်ဖြစ်နေမှာမို့ "

လက်ထဲရောက်ရှိလာသော ဖိတ်စာလေးကိုငေးရင်း ရင်ဘတ်ထဲမှ တစ်စုံတစ်ခုဟာ လစ်ဟာသွားခဲ့သည်။

မင်းကွာ!

စိတ်ထဲမှာတော့ အဲ့ဒီ့ထက်ပိုပြီး ပြစ်တင်နေမိလိုက်သည်။

" ညီမကို ခွင့်ပြုပါဦးနော် "

ဆံပင်အုပ်အုပ်ကလေးတွေဝဲခါသွားသည်အထိ လှည့်ထွက်သွားသောထိုမိန်းမငယ်လေးကို သူရပ်ငေးရင်းကျန်နေခဲ့ပါသည်။ထိုစဥ် တုန်ခါသွားသောသူမရဲ့ပခုံးလေးများကြောင့် သူ့နှလုံးသားနေရာကလည်း နာနာကျင်ကျင်စူးအောင့်လာခဲ့ရာ။

မင်းက အရူးပဲ ကောင်းမြတ်!! ငါလည်း အရူးတစ်ယောက်ဖြစ်နေပေမယ့်
ငါ့ထက်တောင် မင်းက ပိုရူးနေပါရောလား???

လက်ထဲမှနာရေးဖိတ်စာလေးကို ပြန်ငုံ့ကြည့်မိချိန် သူ့မျက်ဝန်းမှမျက်ရည်တစ်စက် လျှံကျသွားခဲ့သည်။ဖြူလွှသောစာရွက်လေးအပေါ်မှာ အကွက်လိုက်ထင်သွားသော ထိုမျက်ရည်စက်။နဂိုဖြူလှသောထိုစာရွက်ကလေးဟာ အနည်းငယ်အကျည်းတန်သွာပေမယ့် ထိုစွတ်စိုမှုလေးဟာ
အချိန်ကြာသည်အထိတော့ မြဲနေခဲ့ပါသည်။

တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာဟာ အဖြူရောင်စာရွက်လေးအပေါ် ကျသွားတဲ့မျက်ရည်စက်လိုပါပဲ~
လက်ခံမယ့်သူဘက်က အရောင်မပြောင်းသမျှ မျက်ရည်စက်ရဲ့သက်ရောက်မှုဟာ နာကျင်ခြင်းပဲဖြစ်နေတတ်တယ်.....

🌈 ထာဝရ မင်း 🌈 ( Completed) Where stories live. Discover now