အခန်း ၁၃ : ငါမလွတ်မြောက်နိုင်သော ကျော့ကွင်း

1.4K 60 0
                                    

အခန်း ၁၃

️‍🌈ထာဝရ မင်း️‍🌈

" ငါ လူတစ်ယောက်ကို ချစ်မိနေပြီ လျှံ "

တက္ကသိုလ်ဒုတိယနှစ်အရောက်မှာတော့ သူအမြဲကြောက်ရွံ့နေခဲ့ရသော နေ့လေးတစ်နေ့ ဖြစ်ပေါ်လို့လာခဲ့သည်။မှတ်မှတ်ရရ။
ထိုနေ့က မိုးရွာသည်။

ကားရှိရာသို့ ထီးတစ်ချောင်းကို နှစ်ယောက်အတူဆောင်းရင်း သွားဖြစ်ကြသည့်လမ်းဟာ ကြားလိုက်ရသောစကားကြောင့် ပိုပြီးရှည်လျားနေခဲ့သလို။ပိုပြီးနာကျင်စရာကောင်းသည်က သည်းသည်းမည်းမည်းရွာကျနေသောမိုးသံသည် ထိုအသံလှိုင်းကို သူ့နားသို့ရောက်မလာအောင် မဖုံးလွှမ်းနိုင်ခြင်းပင်။

" လျှံ ။ ငါပြောလိုက်တာ ကြားလား? "

သူ့မျက်နှာအနား ခေါင်းငုံ့ပြီး မေးလာချိန်မှာတော့ သူဟန်မဆောင်နိုင်စွာပဲ မျက်နှာလွှဲပစ်လိုက်တော့သည်။

" အင်း ။ ငါကြားတယ် "

ငါ ကြားလိုက်ပါတယ်။ မိုးသံတဖျောက်ဖျောက်တွေကြားမှာ အက်ကွဲနေတဲ့ငါ့နှလုံးသား ငိုသံတွေ။
ငါ သိပ်ကိုကြားနေမိတာပေါ့ မဏီရယ်။
မင်း စွန့်ပစ်လိုက်မိတဲ့ ငါ့အသည်းနှလုံးရဲ့သေဆုံးသံတွေကိုပေါ့။

ဒီအတိုင်းလေးပါပဲ။သူဟာလည်း ဆက်မပြောဘဲ ဒီအတိုင်းလေးပဲရပ်နေခဲ့သည်။သူကလည်း ဆက်မမေးဘဲ ဒီအတိုင်းလေးပဲငြိမ်နေခဲ့သည်။အဲ့ဒီ့နေ့က သူရော ကိုယ်ပါ အဲ့ဒီ့စကားနှစ်ခွန်းနဲ့ တစ်နေ့တာကို အဆုံးသတ်ခဲ့ကြသည်။ဖြေရှင်းချက် တစ်စုံတစ်ရာတောင် မပြောခဲ့ကြပါပဲ။

တစ်ခါတလေ ဒီအတိုင်းလေးရပ်နေမိခြင်းက သူနဲ့ပိုပြီးဝေးကွာသွားမယ်မှန်း ကိုယ့်ဘက်ကကြိုတင်မှမရိပ်မိခဲ့ဘဲ။တကယ်လို့သာ ကိုယ်အမှားပြင်ဆင်ခွင့်ရှိရင် အဲ့ဒီ့နေ့မှာပဲ မင်းကိုဖွင့်ပြောမယ်။

ငါဟာ မင်းကို ထာဝရနဲ့ချီပြီး သိပ်ကိုချစ်ခဲ့မိပါကြောင်း။
ငါ သေချာပေါက် ပြောခဲ့လိမ့်မယ်။
အဲ့ဒီ့နေ့မှာ ။

️‍🌈ထာဝရ မင်း ️‍🌈

တစ်ပတ်။
တစ်လ။
ရက်ပေါင်း ၃၆ရက်။
သူတို့မတွေ့ဖြစ်ကြသည့် အချိန်တွေ။

🌈 ထာဝရ မင်း 🌈 ( Completed) Where stories live. Discover now