🌈 ဇာမဏီ+လျှံထက်ကောင်းကင်🌈

1.9K 34 4
                                    


🌈ထာဝရ မင်း 🌈

" ကြယ်တွေ ကြွေနေပြီ လျှံ "

အနက်ရောင်ညမိုက်တစ်ခုရဲ့ကောင်းကင်ယံကိုမော့ငေးပြီး ဒီဇင်ဘာရဲ့အေးစက်စက်အငွေ့အသက်ကို အပြည့်အဝခံစားရင်း ဝရန်တာလက်ရန်းပေါ်မေးထောက်ကာ ရေရွတ်မိသော တိုးဖျော့ဖျော့စကားသံ။ တစ်ဖက်ကမ္ဘာက အဖော်ကွဲလိပ်ပြာလေးကတော့ ကြားမှကြားပါ့မလားဘဲ။

" သိလား ငါအခုထိ မင်းကိုပြန်ရဖို့ဆုတောင်းနေမိတုန်းပဲ ။ မဖြစ်နိုင်တော့မှန်းသိနေပါရက်နဲ့ အရူးလိုမျိုး "

အက်ကွဲတုန်ခါနေတဲ့စကားသံအဆုံးမှာ လေဟာနယ်ထဲပြုတ်ကျသွားတဲ့အကြည့်ရောင်ရေမှုန်လေးတစ်စက်။ လှပနေသောလနတ်သမီးနှင့် ကြယ်စင်နတ်မင်းတို့ကတော့ ဒီညလည်းထိုအလွမ်းသမားလေးကို လျစ်လျူရှုကြပြန်သည်။

" လျှံ "

ဆောင်းရဲ့အငွေ့အသက်တို့ကြား တလွင့်လွင့်တိုးလျသွားတဲ့ခေါ်သံလေး။ တစ်ပြိုင်နက်တည်းမှာပဲ ခပ်ကိုင်းကိုင်းညွှတ်သွားတဲ့ နှုတ်ခမ်းတွေ။ မဲ့ခြင်းဟူသောပြယုဂ်ကို သဏ္ဍာန်​ဆောင်ပုံရသော ထိုအခိုက်အတန့်၌ ထပ်ပြီးတိုးထွက်ကျလာတဲ့ အက်ရှသံလေးက

" မင်းကို လွမ်းတယ်"

🌈 ထာဝရ မင်း 🌈

ဘုရားသခင်က မင်းမဟုတ်လို့ထင်တယ်
ငါ့ဆန္ဒတွေဆို အမြဲဥပက္ခာပြု ပယ်ချတယ်...

🌈 ထာဝရ မင်း 🌈

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ဇာမဏီ မွေးနေ့                       = {၁၃.၉.၂၀၀၂ } သောကြာနေ့
လျှံထက်ကောင်းကင် မွေးနေ့ = {၂၆.၇.၂၀၀၂ } သောကြာနေ့

A/N) လျှံနဲ့ ဇာမဏီလေးကို ပြန်လွမ်းလာလို့ပါဗျ။ ပြီးတော့ မွေးနေ့လေးတွေပြောပြချင်လို့။ ဇာမဏီကတော့ အခုထိ အထီးကျန်စွာရှင်သန်နေတုန်းပဲထင်ပါရဲ့။

မင်းတို့ရဲ့အနီ❄

#Hnin Yhine
15.2.2023

🌈 ထာဝရ မင်း 🌈 ( Completed) Where stories live. Discover now