ကြေညာချက်

1.9K 88 6
                                    

လက်ရှိစာပေမြစ်ဖျားမှာ တင်နေတဲ့ Side Story လေးနဲ့ မိတ်ဆက်ပေးပါရစေ။

ဇာတ်လမ်းကို မမိတ်ဆက်သေးခင် သူက ဘယ်World ကလဲ ဆိုတာကို နည်းနည်း ပြောမယ်နော်။ ဒီ Side Story လေးက ယူကွမ်းလင်၊ ယူရှင်း၊ ချစ်လှစွာသော အမတ်မင်း၊ မင်းသမီးလေးရဲ့ကိုယ်ရံတော် အဲဒီ အဓိကဇာတ်ကြောင်းတွေနဲ့ သက်ဆိုင်နေတဲ့ ဇာတ်လမ်းလေးပါနော်။ ဟန်ယူရှင်းဘုရင်မရဲ့မြေးတော် ကောင်းကျင်းဝမ်အမတ်မင်းရဲ့ တတိယသားတော် အကြောင်းကို အခြေတည်ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

ကဲ ဒါဆို ဒီဇာတ်လမ်းလေးကို ဘာလို့ ဖတ်သင့်တယ် ဆိုတာ ပြောမယ်နော်။ ဒီဇာတ်လမ်းလေးက အလှူငွေအတွက် ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဖတ်သင့်ပါတယ်။ ပြီးတော့ ဒီဇာတ်လမ်းလေးရဲ့ အဓိကကာရိုက်တာက စွဲဖန်တီးဖို့ ကြိုးစားဖူးပေမဲ့ ကျရှုံးခဲ့တဲ့ ကာရိုက်တာပုံစံလေးကို ပြန်အသက်သွင်းတာ ဖြစ်ပါတယ်။ ဒါကြောင့် ဖတ်သင့်ပါတယ်။ နောက်ဆုံးအချက်က မင်ရှန်းလေးက သိပ်ချစ်ဖို့ကောင်းလို့ ဖတ်သင့်ပါတယ်။

Genre - Drama, Historical Fiction ( a little Paranormal)
ဒရာမာကတော့ စွဲက ထည့်ကို ထည့်မှာပါ။ Historical ဆိုတာကကျ ဒီWorld တစ်ခုလုံးက နိုင်ငံတွေကို အခြေခံထားလို့ နှောင်းပိုင်းပုံစံ ပေါက်ပါတယ်။ ဝူရှလည်း မကပါဘူး။ ရှန်းရှလည်း မဟုတ်ပါဘူး အဲဒီသဘောပါနော်။ သဘာဝလွန်က နည်းနည်းလေးပဲ ပါမှာပါ။

Typeက BL ဖြစ်ပါတယ်။

MC- ကောင်းမင်ရှန်း
အသက်-၁၅နှစ်ကနေ ဇာတ်လမ်းစထားပါတယ်။ တဖြည်းဖြည်း ကြီးလာမှာပါ။
၁၅နှစ်မှာ အရပ်က ၅ပေ၇ပဲ ရှိပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အရပ်က နည်းနည်းမြင့်လာအုံးမှာပါ။
ကောင်းမင်ရှန်းက လျန်တိုင်းပြည် တတိယမင်းသား ဖြစ်ပါတယ်။ သူ့မယ်တော်က ဧကရီ ကောင်းကျင်းဝမ် ဖြစ်ပါတယ်။
ဒီအသေးလေးက အေးတိအေးစက် ထုံပေပေလေး ဖြစ်ပါတယ်။ မသိတာလည်း မဟုတ် သိတာလည်း မဟုတ်တဲ့ စတိုင်လေးပါ။ နူးညံ့တော့မလိုနဲ့ ကြမ်းတမ်းတတ်ပါတယ်။ တော်မလိုနဲ့ အပါတယ်။ အမလိုနဲ့ တော်ပါတယ်။ တည်တည်ငြိမ်ငြိမ်လေးနဲ့လည်း ခေါင်းသေအောင်မာပါတယ်။ ပေကပ်ကပ်လေးပါ။

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now