အပိုင်း-၁၃

11.9K 1.3K 94
                                    

ချစ်လှစွာသော အမတ်မင်း (အပိုင်း-၁၃)

@@@@@@@@@@@@@@@@

ယွီရန်မျိုးနွယ် ဆိုသည်မှာ

@@@@@@@@@@

"ရင်ကျန်း ရင်ကျန်း စူးအာ မသေသေးဘူး စူးအာ မသေသေးဘူး ကုသဖို့ပြင်ပါ ကုသဖို့ ပြင်ပါ!!"

ကယက်ရိုက်သွားသော နန်းတော်အား ကျောခိုင်းကာ ထွက်လာပြီးမှ ယူရှင်း၏ နှုတ်ခမ်းစွန်းဝယ် အပြုံးတစ်ခုက အထက်စီးဆန်စွာ ခိုတွဲလာပြီး ယတိပြတ် ကျောခိုင်းရန် မြင်းဇက်ကို လှည့်လိုက်၏။ ပြီးမှ မြင်းကို အသာလေး နှင်ရင်းဖြင့် အမေးတစ်ခုကို အစပြုလိုက်သည်။

"ဘယ်လိုလဲ ရှာတွေ့ခဲ့လား"

အနောက်နန်းဆောင်အတွင်းဝယ် ဝရုန်းသုန်းကား ဖြစ်စဉ်အတောအတွင်းမှာ ရှောင်အာ့ကို လျန်နန်းတော်တွင်းသို့ စေလွှတ်လိုက်ပြီးသား ဖြစ်သည်။ လျန်မင်းကြီး၏ ဇာတာကို ရယူခိုင်းထားခြင်း ဖြစ်သည်။ ရှောင်အာ့က ခါးတွင် ထိုးထားသော ဇာတာခွင် ရေးမှတ်သည့် မှတ်တမ်းစာရွက်ကို ထုတ်ယူပြီး ကမ်းပေးလာသည်။

"ရှာတွေ့ခဲ့ပါတယ် မင်းကြီး"

ယူရှင်း လှမ်းကြည့်လိုက်ပြီးမှ မျက်နှာက ပျက်သည်ထက် ပျက်ကျသွားပြီးမှ ရွှေဓားပေါ်သို့ပင် လက်ကို ပြန်တင်လိုက်မိသည်။ ပြီးမှ သက်ပြင်းဖွဖွနှင့် မြင်းကိုသာ အပြင်းနှင်လိုက်တော့၏။ ရှောင်ကျန်းက ရှောင်အာ့ကို ဘာလဲဟု သဘောဖြင့် မေးဆတ်သည်။ ရှောင်ကျန်းက ယောကျာ်လေးဖြစ်သော်လည်း ရှောင်အာ့က မိန်းကလေး ဖြစ်သည်တွင် နှစ်ဦးက မင်းကြီး၏ သဘောကို အနားလည်ဆုံးဟုပင် ဆိုနိုင်သည့် သူများဖြစ်သည်။

"ရှောင်ကျန်း"

"မင်းကို ငါစုံစမ်းခိုင်းထားတဲ့ ယွီရန် မျိုးနွယ်အကြောင်း သိပြီးပြီလား"

"ဟုတ်ကဲ့ပါ အရင်တစ်ပတ်က မင်းကြီးကို တင်လျှောက်ဖို့ ရှိတာမှာ လျန်ကို လာတဲ့ အရေးနဲ့ တိုက်ဆိုင်သွားလို့ နောက်ကျနေတာပါ"

"ပြော"

"ယွီရန်မျိုးနွယ်တွေက ကျင်းစစ်ဆိုတဲ့ တိုင်းပြည်ကို ထူထောင်ပြီးတော့ တောင်ခြောက်လုံး ပတ်လည်ခံနေတဲ့ နေရာမှာ နေပါတယ်၊ ထုံးစံအရ ဘယ်သူကမှ တောင်ခြောက်လုံးအပြင်ကို မထွက်သလို ဘယ်သူကမှလဲ ကျော်လွန်ပြီးတော့ မဝင်လာနိုင်ပါဘူးတဲ့၊ မှတ်တမ်းအရ မြောင်တိုင်းပြည် မြောင်မင်းဆက် နှစ်ဆက်မြောက်မှာ ကျင်းစစ်ထဲကို မြောင်တိုင်းပြည်မှ မင်းသားတစ်ပါးက ဟန်တိုင်းပြည်ကို စစ်ရှုံးပြီး ပြေးရာတွင် ဝင်ရောက်သွားခဲ့တယ်လို့ ဆိုတယ်"

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now