အပိုင်း-၂၀

10.5K 1.2K 77
                                    

ချစ်လှစွာသော အမတ်မင်း (အပိုင်း-၂၀)

@@@@@@@@@@@@@@@@

ကလေးရှိတယ်

@@@@@@

'မင်းကြီး ဒီနေ့ကနေ စပြီး ရေတွက်ရန် နောက်ထပ် နှစ်ဆယ့်ခြောက်ရက် ကျရင် မင်းကြီး လိုချင်တဲ့နေ့ ရောက်ပါပြီ အဆင်သင့် ဖြစ်ပါပြီလား'

လျိုဝေက ပြောလာသော စကားတွင် ကျင်းဝမ်က စူးအာကို လှည့်ကြည့်လိုက်ပြီးမှ မေးသည်။

'ဘာကို အဆင်သင့် ဖြစ်ဖို့လိုတာလဲ'

'ကိစ္စတချို့ပါ၊ ဒီနေရာက နန်းတော်ကနေ အအေးဓာတ်သစ်ပင်တွေ ရေမှုန်တွေနဲ့ လေအေးတွေ ဖြစ်တည်အောင်လို့ တည်ဆောက်ထားတာ ဝမ် ပတ်ပတ်လည်မှာ ရေတံခွန်ခုနှစ်ခု ဖြစ်အောင် လုပ်ထားသေးတယ်၊ မင်းသွားကြည့်သင့်တယ်'

သေချာပေါက် ကျင်းဝမ် မသိသင့်တဲ့ ကိစ္စတစ်ခု ရှိနေမှန်း နားလည်တာကြောင့် အတင်းအကျပ် သိလိုသည်ဟု မထင်မြင်စေရန် ခေါင်းကိုသာ ညိတ်ပြလိုက်ပြီးမှ

'ကောင်းပြီ ငါ ဒီအနီးအနားကို သွားကြည့်လိုက်မယ်၊'

သူတို့ နှစ်ဦးကို ချန်ထားခဲ့ပြီးမှ ဥယျာဉ်၏ တည်ဆောက်မှုနှင့် အလှတရားတချို့ကို လိုက်လံ ကြည့်ရှုလိုက်ပြီးမှ အခုနကအထိ အေးနေဆဲ အအေးဓာတ်ကို လက်မှ ပြန်ခံစားလိုက်သည်။ ပြီးမှ ကိုယ့်ဖာသာ ကိုယ်ပြန်ပြုံးမိသည်။ ထွက်သွားမည်ဟု ပြောပြီးကာမှ သူ့ကိစ္စကို အရေးတယူ ရှိနေမိခြင်းအား ကိုယ့်ကိုယ်ကို နားမလည်သလိုလည်း ဖြစ်မိသည်။ ပြီးမှ ခပ်တိုးတိုး ရေရွတ်မိ၏။

'ကြည့်ရတာ ငါ တစ်သက်လုံး ဒီကလေးအနားကနေ ခွဲမသွားနိုင်ဘူးထင်တယ်၊ ငါ့မှာ အဲ့လို ယုံကြည်ချက် ရှိပါ့မလား'

@@@@@@@@@@

လျန်နန်းတော်ကနေ ဟန်တိုင်းပြည် နယ်စပ်သို့ ထွက်ခွာမည် ဆိုသဖြင့် မင်းသားနှစ် ရင်ကျန်းက နေရစ်ခဲ့မည် ဖြစ်ပြီး လျန်နန်းတော်တွင်း ကိစ္စအားလုံးကို တာဝန်ယူပေးမည် ဖြစ်သည်။ အစ်မတော် လီဟွာကတော့ ကျင်းဝမ်အား ခေါ်ဆောင်ကာ စကားအနည်းငယ် ဆိုရှာသည်။

'ကျင်းဝမ် ဒီအစ်မက မင်းကို မျက်နှာမပြရဲဘူး၊ ဒါပေမယ့် နောက်ဆုံးတစ်ကြိမ် အဖြစ် လျန်မှာ လာနေဖို့ မင်းဆုံးဖြတ်ပြီးရင် ငါ မင်းကို ဘယ်သူ့ကိုမှ မထိပါးစေအောင် ဆောင်ရွက်ပေးမယ်၊ စူးအာ ဆိုရင်တောင်မှ မင်းကို မထိပါးစေရဘူး'

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now