အပိုင်း-၁၈

10.8K 1.2K 25
                                    

ချစ်လှစွာသော အမတ်မင်း (အပိုင်း-၁၈)

@@@@@@@@@@@@@@@@

'မဟုတ်ဘူး မင်းကို အပိုင်လိုချင်တာရယ်၊ မင်းကို အနိုင်လိုချင်တာရယ်၊ နှစ်ခုတည်းပါပဲ'

ချင်းစူး ပြောလိုက်တာကို ဝမ်က နားမလည်ဟန်ဖြင့် တွေတွေဝေဝေ တွေးတောနေပြန်သည်။ ပြီးမှ ခပ်တိုးတိုးဖြင့်

'ငါ့ကို အနိုင်လိုချင်တယ်'

ခပ်တိုးတိုး ရေရွတ်လိုက်တယ်၊ ပြီးမှ သူက ထပ်ပြောလိုက်တယ်၊

'ငါမင်းကို အနိုင်ပေးမယ်'

စူးအာက ဝမ်ကို နားမလည်နိုင်သော မျက်ဝန်းတို့ဖြင့် ဝင့်ကြည့်လာသည်။

'ဝမ်၊ မင်းပြောတဲ့ အနိုင်နဲ့ ငါဆိုလိုချင်တာ တစ်ခုခု ကွဲလွဲနေပြီ ထင်တယ်၊ ဒါပေမယ့် လောလောဆယ် မင်းရဲ့နန်းဆောင်ကို သန့်ရှင်းပေးပြီးတော့မှပဲ ငါတို့ ကျန်တာကို ဆက်ဆွေးနွေးလည်း နောက်မကျသေးပါဘူး၊'

'ငါ့အထင်တော့ မင်းနဲ့ငါနဲ့မှာ ဆွေးနွေးဖို့ အကြောင်းအရာ မရှိဘူးလို့ ထင်တယ်'

စိတ်လိုက်မာန်ပါ မလုပ်တော့ဘူး ဆိုပြီးမှ ချင်းစူး မထိန်းချုပ်နိုင်လိုက်ပဲနှင့် ပုခုံးလေး နှစ်ဖက်ကို တင်းခနဲ ဆုပ်ကိုင်လိုက်မိသည်။ သို့သော် စကားတစ်ခွန်းမျှ မဆိုတော့ပဲနှင့် မျက်နှာလွဲသွားပြီး နန်းဆောင်အပြင်သို့ ငြင်သာသော ခြေလှမ်းတို့နှင့် ထွက်ခွာလာခဲ့လိုက်သည်။

တိတ်ဆိတ်သွားသော နန်းဆောင်အတွင်းသို့ အပျိုတော်များနှင့် မိန်းမထိန်းများက အပြေးအလွှား ဝင်လာပြီး လဲကျနေသော စားပွဲများ ထိုင်ခုံများကို ဆွဲထောင်သည်။ ကျကွဲနေသော အိုးငယ်များ ခွက်ငယ်များကို ကောက်ယူ သိမ်းဆည်းသည်။ တစ်စစီ ဖြဲခံထားရသော အဝတ်စများကို အလျင်အမြန်ပင် ကောက်ယူပြီး အစားထိုးကြသည်။

တိကျ လျင်မြန်သော လှုပ်ရှားမှုများနှင့် နန်းဆောင်ခန်းမတစ်ခုလုံးက သူနေရာနှင့်သူ သေသပ်စွာ ပြန်ပြီး ပြုပြင်ပြီး အစားထိုးပြီး ဖြစ်သွားသည်။ သို့နှင့် မင်းသားရင်ကျန်းနှင့် သမားတော်များက ဝင်လာပြီးမှ

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now