အပိုင်း-၉

13.6K 1.5K 108
                                    

ချစ်လှစွာသော အမတ်မင်း (အပိုင်း-၉)

@@@@@@@@@@@@@@@@

သူက လျန်ကလူ

@@@@@@@@

"ကျင်းဝမ် ကို ဘယ်လို လုပ်မလဲ ရှင်း ဝမ်အာကို ကယ်ပေးပါ ဝမ်အာကို ကယ်ဖို့ နည်းလမ်း ရှာပေးပါ"

နည်းလမ်း ဆိုတာကို အတန်ကြာအောင် တွေးမိသည်အထိ ယူရှင်း တိတ်ဆိတ်မိနေဆဲ ဖြစ်သည်။ သို့သော် ခြေထောက်တွေ ပျော့ခွေကျနေသော ဇနီးသည်ကို အရင်တုန်းကလိုပင် ပွေ့ချီလိုက်ပြီး မဟာအသရေတော် ခန်းမသို့ လှည့်ပြန်လာခဲ့သည်။ နူးညံ့သော မွေ့ရာသို့ ချလိုက်ပြီးမှ မျက်ဝန်းတွေမှာ စိုစွတ်နေဆဲ မျက်ရည်ဥတွေ ပြောင်စင်သွားအောင် နှုတ်ခမ်းဖြင့် အသာအယာ ပွတ်တိုက်ပေးမိသည်။ ဒီမိန်းကလေး အသက်ခြောက်ဆယ့်လေးနှစ် ရှိတာတောင် ငိုကြွေးတတ်တုန်း၊

"ကလေးလိုပဲ"

ပြောလိုက်တာက တိုးတိုးလေး ဖြစ်ပေမယ့် နီးကပ်နေသော လူနှစ်ကိုယ်စာတော့ ကြားနိုင်လေသည်။ ခါးစည်းကြိုးကို တင်းနေအောင် ဆွဲချည်လိုက်ပြီးမှ

"ထောင်အာ ငါ လျန်ကို ခဏသွားမယ် ပြန်လာခဲ့မယ်"

"ဘာလို့လဲ"

တိုင်းပြည်ရေးနှင့် ပတ်သတ်လျှင် ဖြစ်စေ တစ်ခုခု ပြောချင် မေးချင်လျှင် ဖြစ်စေ ထောင်အာ ဆိုသော သူမကား မိဖုရားကြီး ဆိုသည့် အာဏာကို အသုံးမချတတ်သူ ပီပီ မေးခွန်းတွေ စကားထောက်တာတွေ လုံးဝ မပြုလုပ်ဖူးပါ။ ယခုတစ်ကြိမ် မေးသော ဘာလို့လဲ ဆိုတာက သူမ၏ ပူပန်မှု သက်သက်မှန်း နားလည်ပြီးသားမို့ ယူရှင်း တစ်ချက်သာ ပြုံးပြလိုက်ရပြီး ဆံနွယ်တွေ ပြန့်ကျနေသော ဦးခေါင်းလေးကို ရင်ခွင်အတွင်း ဆွဲသွင်းလျက် ပွတ်သတ်ပေးရင်းဖြင့်

"မင်း ပြောကြည့်လေ မင်းရဲ့သားကို ငါ ကယ်တင်ဖို့ နည်းလမ်း တစ်ခုခု ရှိတယ် ဆိုရင် မလုပ်ရဘူးလား"

"ဒါပေမယ့် အဲ့နည်းလမ်းက ရှင်းကိုရော ကျင်းဝမ်ကိုပါ မထိခိုက်ရဘူး"

"အင်း ငါက ဘယ်သူမို့လဲ"

"ယူရှင်း"

လက်ရှိမှာ ဆယ့်ခြောက်ပြည်ထောင်တွင် အကျော်ကြားဆုံးသော ယူရှင်း၊ မဖြစ်နိုင်ဘူးဟု အများက သတ်မှတ်ထားတာ မှန်သမျှကို ကျော်လွှားနိုင်သော ယူရှင်း၊ သို့သော် ယူရှင်းသည် ယူရှင်း ဖြစ်သော်လည်း ပူပန်မိသူက ပူပန်ရသည်သာ၊

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now