အပိုင်း -၁၅

12.8K 1.3K 82
                                    

ချစ်လှစွာသော အမတ်မင်း (အပိုင်း-၁၅)

@@@@@@@@@@@@@@@@

လျန်က ကျင်းဝမ်အတွက် နေအိမ်မှ ဟုတ်သေးရဲ့လား၊ ဟန်ကသာ ကျင်းဝမ်ကို ကြိုဆိုနေတာ မဟုတ်လား၊ လျန်မှာ ကျင်းဝမ်ကို လိုအပ်နေသော နေရာတစ်ခု ရှိသေးရဲ့လား၊

လဝက်လောက်အတွင်းမှာ ကျင်းဝမ် ဒီတောဒီတောင် နေရာဒေသက ဘယ်နားမှာလဲ ဆိုတာကို ခန့်မှန်းမိသွားပြီ ဖြစ်သည်။ ဒီနေရာကား လျန်နယ်စပ် တစ်ဖက်မှာ ယခင်က ပျောင်းဒေသလို့ ခေါ်တွင်နိုင်သော ပြည်နယ်တစ်ခု ရှိသော်လည်း ယခုမူ ထိုပျောင်းဒေသကား ကျောင်းတိုင်းပြည်၏ လက်အောက်ခံ ပြည်နယ်တစ်ခုမျှသာ ကျန်ရှိနေပေပြီ။ ပြီးလျှင် ဟန်တိုင်းပြည်နှင့် အလွန်အမင်း နီးကပ်နေသော ကူဟွားတောင်တန်းပေါ်တွင် ဖြစ်သည်။ ကူဟွားတောင်တန်းကို ကျော်လွန်လိုက်လျှင် လျန်စစ်တောင်သို့ ရောက်မည်။ လျန်းစစ်မှ အရှေ့ဘက်တွင် ကျောင်းပြည်နယ် ဖြစ်ပြီး အနောက်ဘက်တွင် ဟန်ပြည်နယ် နယ်နိမိတ် ဖြစ်မည်။

မင်းသား ရင်ကျန်းကတော့ ကျင်းဝမ်ကို အမှန်တကယ်ပင် ဂရုစိုက်သည်။ ယခင်က ကျင်းဝမ်၏ တပည့်တစ်ဦး ဖြစ်ဖူးခဲ့ခြင်းကြောင့် ဖြစ်နိုင်သလို ကျင်းဝမ်က လျန်ပြည်နယ်၏ မိဖုရားခေါင် ဖြစ်လာနိုင်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ သို့အဖြစ်အပျက်များကို တွေးတောတိုင်း ကျင်းဝမ်ထံတွင် တစ်စ တစ်စ အရယ်အပြုံးတွေ ကင်းမဲ့လာ၏။

ဟန်တွင် နေခဲ့စဉ်က စကားတစ်ခွန်း တစ်အာဏာ တည်ခဲ့သော မင်းသားအမတ် အဖြစ်နေခဲ့ရသူမို့ ယခုလို လူမသိ သူမသိ ပုန်းကွယ်နေရခြင်းအပေါ် ကျင်းဝမ် နေသားကျဖို့ လိုအပ်နေသေးသည်။ လဝက်အကြာတွင်မူ နန်းတော်မှ မြောက်များစွာသော လူသူများနှင့် ကျင်းဝမ်အား နန်းတော်သို့ ခေါ်ယူရန် ကူဟွားတောင်သို့ ရောက်လာသည်။ ကျင်းဝမ် ခြေချရာနေရာတိုင်းတွင် အနီရဲရဲ ကမ္မလာကို ခင်းစေ၍ နန်းတော်သို့ ဝင်စေသည်။ များစွာသော လျှောက်လမ်းအဆုံးတွင် လျန်၏ နန်းတော်သို့ တိုင်၏။

လျန်နန်းတော် တစ်ခုလုံးအား အနီရောင် အခင်းအကျင်းဖြင့် သေသပ်စွာ ပြင်ဆင်ထား၏။ ထိုသည်ကား မိဖုရားခေါင်အား နန်းတော်သို့ ကြိုဆိုသော အခမ်းအနားအဖြစ် သိသာစေလှသည်။ ခမ်းနားသည်။ လှပသည်။ ကြီးကျယ်သည်။ သို့သော် ထိုအရာအားလုံးက ကျင်းဝမ် လိုအပ်ချက် သေးသေးလေးကိုပင် မပြည့်မှီစေပေ။

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now