အပိုင်း-၁၉

10.8K 1.1K 42
                                    

ချစ်လှစွာသော အမတ်မင်း (အပိုင်း-၁၉)

@@@@@@@@@@@@@@@@

'ကိစ္စမရှိဘူး၊ ငါ မင်းဆီကနေ သေဆုံးခြင်းကံတရားကို တခြားလူဆီ ပြန်လွဲပေးမယ်၊ ငါသေသွားပြီလို့ သိနေရဲ့သားနဲ့ ဒါကို မဖြစ်ဖြစ်အောင် လုပ်ပစ်တယ်၊ မင်းကို သေသွားအောင် ပစ်ထားလိုက်ရမလား၊ တော်သေးတယ်၊ ဒီလို ဖြစ်လာမယ် ဆိုတာကို ငါကြိုသိနေခဲ့လို့ မင်းနဲ့ကံတရားတူတဲ့ ဘုရင်တစ်ပါးကို ငါ ရှာတွေ့ထားတာ၊ ခက်တာက သူကမီးဓာတ်ဖြစ်နေပြီးတော့ မင်းက ရေခဲဓာတ်၊ ထားလိုက်တော့၊ ငါ တကယ် သေသွားတာကမှ ကောင်းအုံးမယ်'

လျို့ဝှက်ဥယျာဉ်ငယ်လေးအတွင်း၌ လေပြည်က အေးသည်ထက် ပိုပြီး အေးလာသလို ရှိ၏။ လျိုဝေ ခေါင်းမော့လိုက်ပြီးမှ အခြောက်တိုက် ရယ်ချလိုက်မိသည်။ ဒီလေပြည်တွေဟာ ဟန်နန်းတွင်းက နွေးထွေးတဲ့လေပြည်တွေနဲ့တော့ တော်တော်ကွာခြားသည်ဟု ခံစားမိပြန်သည်။ ပြီးတော့ အုပ်ချုပ်နေသော ဘုရင်နှစ်ပါးဟာလည်း အတော်ပင် ကွာခြားသည်။ တူညီမှု တစ်ခုတည်း ရှိနေပေမယ့် ထိုအရာက သူ မလိုချင်သော အရာ ဖြစ်နေသောအခါ ကယ်လိုသူကိုတော့ ဘယ်လိုနည်းနဲ့မဆို ကယ်တင်မည် ဖြစ်ပြီး တခြားသောသူကိုတော့ ရင်းနှီးပစ်ရမှာ သိပ်ပြီး နှမြောဖို့ ကောင်းပေမယ့် သူမသည်သာ လောကတစ်ခွင်လုံး၏ အရှင်သခင်ဖြစ်မည့် ဇာတာနှင့် မွေးဖွားလာတာ မဟုတ်ဘူးလား၊ ပေးမယ် မင်းကို အကုန်လုံး၊ မိန်းမရိုင်း၊

မိန်းမရိုင်း၊ ဒါက သူမနှင့်သာ သက်ဆိုင်သော ဂုဏ်ပုဒ်၊ အခုနေအချိန်မှာတော့ သူမကို ဒီလိုခေါ်ဝံ့သူ လက်ချိုးရေတွက်မယ် ဆိုလျှင် နှစ်ဦးပင်ပြည့်မည် မဟုတ်ပေ။ ပြီးတော့ ထိုသူနှစ်ဦးကလည်း ခေါ်ပါ့မလား၊ မဖြစ်နိုင်တာ၊ ဒီလို အိစိအိညက် နွဲ့နှောင်းတဲ့ ဟန်တိုင်းပြည်က မိဖုရားကြီးက မိန်းမရိုင်းဆိုပြီးတော့ သမုဒ်မှာ မဟုတ်ဘူးလေ၊ ငါပဲ၊ ငါကပဲ မင်းရဲ့အမုန်းခံပြီး ကောင်းဖို့ ပြောရဲတာ၊ သူတို့ ဘယ်သူကမှ မင်းကို မလွန်ဆန်နိုင်ကြဘူး၊

@@@@@@@@@@

'မင်းကြီး ကြွချီလာပါတယ်'

အခါတိုင်း စူးအာက လာပြီဆိုလျှင် ဝုန်းခနဲ ဒိုင်းခနဲ လာနေကြ ဖြစ်သဖြင့် အခုလို သတင်းစကားနဲ့အတူ ကြားရတော့ ကျင်းဝမ် ထိုင်နေရာကနေ မတ်တပ်ရပ် လိုက်မိသည်။ ထရပ်လိုက်တော့မှ မျက်စိရှေ့သို့ ရောက်လာပြီ ဖြစ်သည့် စူးအာကို ကြည့်မိသည်။

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now