အပိုင်း-၂

14.6K 1.5K 61
                                    

ချစ်လှစွာသော အမတ်မင်း.. (အပိုင်း-၂)
@@@@@@@@@@@@@@@@@@
ရန်သူလား မိတ်ဆွေလား
@@@@@@@@@@@

"အမတ်မင်း ကျင်းဝမ် မင်းသိလား.. ငါကိုယ်တော် မင်းကို မလိုဘူး.."

ဒီလူရမ်းကားလေး သူ့ကိုမလိုဘူးလို့ ပြောရဲသေးသည်။ ဘာအတွက်မလိုတာလဲ ဆိုတာကို သေချာရှင်းလင်းဖို့ တွေးထားရဲ့လား ဆိုတာ ကိုယ်တိုင်တောင်မှ မသိသေးပဲနဲ့၊ ဒီလူရမ်းကားလေးက အရင်အတိုင်းပဲ ဆိုတဲ့ အတွေးတွေနဲ့ ကျင်းဝမ် ပြုံးလိုက်မိသည်။ ပြီးမှ အမေးစကားတချို့ ဆိုမိ၏။

"မင်းကြီး ဘာအတွက် ကျင်းဝမ်ကို မလိုတာလဲ ဆိုတာကို သေချာပါပြီလား.."

ထိုအမေးစကားက မင်းကြီးရဲ့ မျက်ခုံးတွေကို ပိုပြီးတော့ တွန့်ကွေးသွားစေသည်။ စကားအရာမှာ ဒါမှမဟုတ် တခြားသောအရာတွေမှာပါ ကျင်းဝမ်ကို ယှဉ်ပြိုင်နိုင်ဖို့ သူ့မှာ မလုံလောက်သေးဘူးလား ဆိုတဲ့ အတွေးလည်း ဝင်သွားစေသည်။

"မလိုဘူးဆို မလိုဘူးပေါ့.. အမတ်မင်း ကျင်းဝမ် ထင်မြင်နေတာ ငါကိုယ်တော်က နည်းလမ်း တစ်ခုခု အနေနဲ့ မင်းကို လိုအပ်နေမယ် လို့လား.."

အမေးကို အမေးနဲ့ တုန့်ပြန်လာတာကိုလည်း ကျင်းဝမ် ထပ်ဆင့်ပြုံးမိပြန်သည်။ စကားကို ကပ်ပြောတယ်၊ ခံစားချက်တွေ ဆူဝေလာတတ်တာကို ဟိုးအရင် ဆယ်နှစ်ကျော်တုန်းကလိုပဲ မထိန်းချုပ်နိုင်သေးဘူး၊ ဒီကလေး ဘယ်လိုများ ရင့်ကျက်လာနိုင်မလဲ၊ ပူပန်သော အတွေးတို့နဲ့ တစ်ဆင့်ချင်း ထိုကလေးကို ကျင်းဝမ် အကဲခတ်နေမိသည်။ ပြောရလျှင် ဒီကလေးဟာ ကျင်းဝမ်အတွက် ဘယ်တော့မှ မကြီးရင့်လာနိုင်သော လူသားတစ်ဦးသာ ဖြစ်နိုင်၏။

"ကျင်းဝမ် မင်းကြီးကို တင်လျှောက်ပါတယ် တကယ်လို့သာ မင်းကြီး ကျင်းဝမ်ကို မလိုအပ်ဘူး ဆိုရင် မယ်တော်ကြီးက ကျင်းဝမ်ကို ဟန်တိုင်းပြည်ကနေ တောင်းဆို ကတည်းက မင်းကြီး တားမြစ်သင့်ပါတယ် အခုလို ကုန်းတစ်လမ်း ရေတစ်လမ်းနဲ့ ရောက်အောင် လာခဲ့ပြီးမှ မလိုအပ်ဘူး ဆိုတော့ ကျွန်တော်မျိုး ကျင်းဝမ် ပြန်သွားရမလား ဆက်နေရမလား ဆိုတာကို ဝေခွဲမရ ဖြစ်မိတယ်။ အကယ်လို့များ မင်းကြီးသာ တစ်ချက်လွှတ်အမိန့်နဲ့ ပြန်သွားလို့ စေခိုင်းခဲ့ရင် ကျင်းဝမ် နာခံပါ့မယ်"

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now