အပိုင်း-၁၄

11.8K 1.3K 61
                                    

အရင်ရက်တုန်းက အကြွေးကျန်ထားတာကို လာဆပ်တာပါ၊ ခပ်တည်တည်နဲ့ အကြွေးဆပ်သွားပါတယ်၊

ချစ်လှစွာသော အမတ်မင်း (အပိုင်း-၁၄)

@@@@@@@@@@@@@@@@

လျန်က နေအိမ်ဟုတ်သေးရဲ့လား

@@@@@@@@@@@@@@@

တကယ်ဆို ကျင်းဝမ်၏ ခန္ဓာကိုယ်က သိပ်ပြီး အားနည်းလွန်းနေတာ၊ ဒီလောက် အပင်ပန်းခံဖို့ မသင့်ဘူး၊ ဒီလိုနဲ့ ကျင်းဝမ် သွေးကြောကို အာရုံစိုက်နေရင်းမှာပဲ အမြင်အာရုံတွေ ချာချာလည်လာပြီးမှ သလွန်ပေါ်မှ စူးအာပေါ်သို့ တအိအိနှင့် ပြိုလဲကျသွားလေတော့သည်။

ကျင်းဝမ် မည်မျှတောင် အိပ်မောကျသွားတာလဲ ဆိုတာကို မသိလိုက်ပါပဲ သတိရလာတော့ မီးရောင်တွေ ထိန်လင်းနေသော ညနက်၏ နန်းဆောင်တစ်ခု အတွင်းဝယ် ဖြစ်သည်။ စူးအာ..၊ ချက်ချင်းပင် ကိုယ်ပေါ်မှာ ခြုံလွှမ်းထားတာကို ဖယ်ချလိုက်ပြီးမှ နန်းဆောင်အပြင်သို့ ပြေးထွက်လာခဲ့တော့ အနက်ရောင် အရိပ်တစ်ခုက နန်းဆောင်အပြင်ဝယ် တည်ငြိမ်စွာ ရပ်နေ၏။ လရောင်အောက်မှာ ရှင်းလင်းသော အမြင်အာရုံကို ရလိုက်မှ ကျင်းဝမ် ဝမ်းသာရမလား၊ ဝမ်းနည်း ရမလားဟု စတင်တွေးတောမိလာသည်။

သူတို့ နှစ်ယောက်လုံး သေဆုံးသွားပြီလား၊ တမလွန်မှာ ပြန်ဆုံကြခြင်းလား၊ ကျင်းဝမ် မှင်တက်စွာ ငေးမောနေပြီးမှ ခြေလှမ်းတွေ တည့်မတ်စွာ ရပ်တန့်သွား၏။

"စူးအာ"

"မင်းသတိရလာပြီလား"

ဒီအမေးစကားက ကျင်းဝမ်က စမေးရမှာ မဟုတ်ဘူးလား၊ သုံးလကျော်တောင်မှ ကျင်းဝမ် သူသတိရလာဖို့ကို စောင့်ဆိုင်းနေခဲ့ခြင်းမှာ သူက ကျင်းဝမ် မသိလိုက်ခင်မှာ ပြန်ပြီး သတိရလာခဲ့သည်လား၊ ဒါက နည်းနည်းတော့ မတရားဟု ခံစားလိုက်ရပြီးမှ နန်းဆောင်အတွင်းသို့ ပြန်ဝင်ရန် လှည့်လိုက်တော့ ခါးဆီသို့ သိုင်းဖက်လာသော သန်မာမှုကြောင့် ကျင်းဝမ် ရှေ့မတိုးနိုင်ပဲနှင့် ရပ်လိုက်ရသည်။

"အစ်ကိုနှစ်က ပြောတယ် ဝမ်က ကျွန်တော့်ကို လက်မလွတ်နိုင်ဘူးတဲ့ မဟုတ်ရင် ကျွန်တော် ပြန်မနိုးလာဘူးလို့ ပြောတယ်"

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now