အပိုင်း-၂၆

9.9K 1.1K 72
                                    

ချစ်လှစွာသော အမတ်မင်း (အပိုင်း-၂၆)

@@@@@@@@@@@@@@@@

မေ့လဲသွားတယ်

@@@@@@

'ငါတို့ မမှီရင် ဘယ်လိုလုပ်မလဲ စူးအာ'

ကျင်းဝမ် အသံတိုးတိုးလေးနဲ့ပဲ မေးလိုက်မိတယ်၊

@@@@@@@@@@

အချိန်က ပို၍ ပို၍ မြန်ဆန်လာတယ်၊ ဟန်တိုင်းပြည်ကနေ အပတ်စဉ်တိုင်းမှာ ရရှိတဲ့ သတင်းဟာ ပျော်ရွှင်ရမလား၊ ကြေကွဲရမလားတောင် မဝေခွဲနိုင်ဘူး၊ ဟန်ဘုရင်မက တဖြည်းဖြည်းနဲ့ အားနည်းလာတယ်၊ သုံးရက်တစ်ကြိမ် မပြောနဲ့ တစ်ပတ်တစ်ကြိမ် တောင်မှ ညီလာခံကို ဦးဆောင်နိုင်မှု မရှိတော့ဘူး၊ အဲ့ဒီအစား အုပ်ချုပ်မှုပိုင်း အားလုံးကို အိမ်ရှေ့မင်းသား ဟန်ပိုင်ရှင်းက လိမ်လိမ်မာမာနဲ့ တာဝန်ယူရတယ်၊ ဦးလေး ပိုင်ရှင်းက နန်းတော်ကနေ ဘယ်ကိုမှ မသွားတော့ဘူး ဆိုတယ်၊ ဒီလပိုင်းတွေမှာ ရာသီဥတုက အေးစက်လာတယ်၊

စူးအာက ကျင့်စဉ်ကို အချိန်ပေးပြီး လေ့ကျင့်နေတာကြောင့်မို့ လျန်ရဲ့ညီလာခံကိုလည်း မင်းသားနှစ်က တာဝန်ယူပေးနေရတယ်၊ ကျင်းဝမ်ကလည်း ကိုယ်ဝန်နဲ့မို့ အထိုင်အထတောင် ခက်နေတာ ဘယ်သူ့ကိုမှ မကူညီနိုင်ဘူး။ သမားတော်တွေ ဆိုတာ ကျင်းဝမ်ရဲ့နန်းဆောင်မှာ အခါးအားမလပ်ပင်၊ နောက်ဆုံးတစ်ခု ဆိုရလျှင် ဒေါ်လေးဆီက သတင်းကြားလေတိုင်းမှာ ကျင်းဝမ်ဟာ အစားအသောက် မဝင်လေတော့ဘူး၊ အဲ့လို နေ့တိုင်းမှာ ကျင်းဝမ်ကို ချော့ကျွေးဖို့ တာဝန်ဟာ စူးအာဆီမှာ ရှိလေတယ်၊

စူးအာက အနုနည်းရော်၊ အကြမ်းနည်းရော် သုံးပြီး ကျင်းဝမ် အစားဝင်အောင် ချော့တယ်၊ ကျင်းဝမ်ဟာ ဘယ်လိုပဲ မဝင်ပါစေ စူးအာက စားစေဖို့ ကြိုးစားပြီ ဆိုတာနဲ့ အကြာကြီး တင်းမခံနိုင်ဘူး၊ ကြိုက်ကြိုက် မကြိုက်ကြိုက် စားချင်ချင် မစားချင်ချင် ဝင်အောင်တော့ စားတယ်၊

ကျင်းဝမ် ဗိုက်နာလာတဲ့ တစ်ရက်မှာ စူးအာက တိုက်ပိတ်ထားတဲ့ နန်းဆောင်ထဲမှာ ရှိနေခဲ့တယ်၊ သူ အဲ့ဒီနန်းဆောင်ထဲ ဝင်သွားတာ နှစ်ရက်ရှိပြီ မထွက်လာဘူး၊ မင်းသားရင်ကျန်းကတော့ ကျင်းဝမ် ဘေးနားကနေ တည်ငြိမ်မှုတွေ ပျောက်နေသလိုပဲ၊ တောင်ပြေး မြောက်ပြေးနဲ့ ဖြစ်နေတယ်၊ သမားတော်တွေတောင်မှ နဖူးကနေ ချွေးတွေ ကျနေပြီးတော့ ဒီအခြေအနေမှာ တည်ငြိမ်နိုင်အောင် ကြိုးစားနေကြရှာတယ်၊ သမားတော်တွေ အားလုံးဟာ အမျိုးသားကိုယ်ဝန်ဆောင်ပြီး မွေးတာကို စစ်သူကြီးယူရဲ့ မှတ်တမ်းအရသာ ကြားဖူးတာ ဖြစ်လေတယ်၊ ထို့အတွက် ကျင်းဝမ် နာကျင်ပြီး ညည်းညူသံမှာ သူတို့တွေ အားလုံးဟာ ကမ္ဘာပျက်နေသလိုကို ခံစားရလေတယ်၊ ဘယ်ပြေးရမှန်းမသိပဲနှင့် တောင်သွား မြောက်သွားနဲ့ ရှုပ်ထွေးနေကြတယ်၊

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now