အပိုင်း-၁၂

11.9K 1.4K 107
                                    

ချစ်လှစွာသော အမတ်မင်း (အပိုင်း-၁၂)

@@@@@@@@@@@@@@@@

သေလုမျောပါးအပြစ်

@@@@@@@@@@

"သူ့ကို သတ်ပစ် ဆိုတဲ့အမိန့်ကို ပြန်ရုပ်သိမ်းပေးပါ"

"ကောင်းပြီ ဒါဆို မင်း သေလိုက်"

ထိုအနီးတစ်ဝိုက်ရှိ လူအများ ပါးစပ်အဟောင်းသားနှင့် ကြောင်အကုန်၏။ ပိုင်ရှင်း ဘယ်လိုမှပင် မနေနိုင်တော့ပဲနှင့် အစ်မတော် ကိုယ်စား

"ကျင်းဝမ် မင်းရူးနေလား မင်းကိုယ်မင်း ဘာမှတ်နေလို့ ဒီလို ခြိမ်းခြောက်စကားကို ဆိုရတာလဲ"

ဟန်ဘုရင်မကမူ အေးစက်စွာဖြင့်ပင် ဘယ်လက်ကို အနောက်သို့ ပစ်ထားရင်းဖြင့်

"ဝမ်အာ မင်း ဒီဓားရဲ့ နာမည်ကို ရင်းနှီးတယ်လို့ ငါထင်ခဲ့တာ ငါကိုယ်တိုင် ဒီဓားရဲ့နာမည်ကို ထွင်းထုထားခဲ့တာ သူ့နာမည်က သတ်ပစ် (တရုတ်အသံထွက်ရန် ရှား တစ်လုံးထဲပါ။) သူ့အတွက် ငါက ကတိတစ်ခုကို သေချာပေးခဲ့တယ် မလိုအပ်ပဲနဲ့ သူ့နေအိမ်ထဲကနေ မထွက်လာစေဖို့ အကယ်၍သာ ဒီဓားဟာ သူ့နေရာကနေ ထွက်လာရင် ဘာဖြစ်မလဲ ဆိုတာကို မင်းသိတယ် မင်းက ဒီအသုံးမကျတဲ့အပြင် မင်းကိုတောင်မှ မကာကွယ်နိုင်တဲ့ ဒီလျန်ဘုရင်အတွက် သေချင်တယ် ဆိုမှတော့ ဒီကဒေါ်လေးက မင်းကို ကူညီရုံအပြင် မရှိဘူး"

ပိုင်ရှင်း လက်ထဲက ဓားကို ချင်းစူးအား ချိန်ရွယ်ထားရင်း အေးစိမ့်နေသော ပတ်ဝန်းကျင်ကို တစ်ချက်ဝှေ့ကြည့်နေသည်။ ထို့နောက်တွင်

"ရွှမ်း"

အနောက်နားကနေ ဓားထုတ်သံကို ကြားလိုက်ရပြီး ပိုင်ရှင်း၏ လည်ပင်းအနားတွင် အေးစက်နေသော သံထည်တစ်ခုက ရောက်လာ၏။ တအံ့တသြနှင့် လှည့်ကြည့်လိုက်တော့ ရင်ကျန်းက အပြုံးချိုချိုလေးနှင့် ပိုင်ရှင်းအား မထင်မှတ်ဖွယ်ရာပင် ဓားဖြင့် လည်ပင်းကို ထိုးချိန်ထားသည်။ လက်ရှိအနေအထားတွင် ကြာကန်လျှောက်လမ်းဝယ် ကျင်းဝမ်က သူ့ကိုယ်သူ ဓားနှင့် ချိန်ရွယ်ထားပြီး လျှောက်လမ်းအစွန်တွင် ဟန်ယူရှင်းက ဘယ်လက်ကို နောက်ပစ်လျက် ကျင်းဝမ်ကိုသာ မမှိတ်မသုန် ကြည့်နေ၏။ ထိုမှတစ်ဆင့် ကန်ဘောင်သို့ တက်ကြည့်လျှင် ရင်ချင်းစူးအား ရန်မိဖုရားက သွေးအလိမ့်လိမ့်နှင့် ဖက်တွယ်ထားပြီး ချင်းစူးကို ဟန်ပိုင်ရှင်းက ဓားဖြင့် ချိန်ရွယ်ထားသည်။ ဟန်ပိုင်ရှင်း၏ အနောက်နား မကျတကျတွင် ရင်ကျန်းက ဟန်ပိုင်ရှင်းအား ဓားဖြင့် ထပ်မံ၍ ချိန်ရွယ်ထား၏။

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now