အပိုင်း-၂၇ ဇာတ်သိမ်း

22.9K 1.8K 236
                                    

ချစ်လှစွာသော အမတ်မင်း (အပိုင်း-၂၇)

@@@@@@@@@@@@@@@@

ဇာတ်သိမ်း

@@@@@

'မင်းကြီး ဒီနေ့နဲ့ ဆိုရင် ဟန်ဘုရင်မ သတိလစ်သွားတာ ခုနှစ်ရက်ကျော်ပြီထင်တယ်၊ သုံးရက်လောက်မေ့နေကာမှ သူက ဒီကို ထွက်လာခဲ့တာလို့ ပြောတယ်'

'ဘာ!! အဲ့လောက်မြန်တာလား'

စူးအာ တစ်နှစ်ကျော် ဆိုတာကို သေချာတွက်ချက် ထားလျက်နှင့် ဒီလောက်ထိ မြန်လိမ့်မယ်ဟု မတွေးထားမိတာကတော့ အမှန်ပင် ဖြစ်လေတယ်၊ ခုနှစ်လဝန်းကျင်လောက်နဲ့ ဟန်ဘုရင်မဟာ အဲ့လောက်ထိ အားနည်းသွားဖို့ လိုလို့လား၊

'အ'

အတွင်းနန်းဆောင်ထဲကနေ ဝမ်ရဲ့ နာနာကျင်ကျင် ညည်းညူသံကြောင့် လက်ရှိအဖြစ်ကို ခဏတာ မေ့သွားပြီးမှ အတွင်းသို့ ပြေးဝင်သွားမိတယ်၊ သမားတော်တွေက အနောက်ကနေ လိုက်လာပြီးမှ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူဟာ ဝမ်ရဲ့ အကြားအာရုံကို လျော့တွက်မိပြီမှန်း သိနားလည်ခွင့် ရလိုက်တယ်၊

ဝမ်ဟာ နာကျင်နေတဲ့ပုံနဲ့ သလွန်ပေါ်ကနေ ပြုတ်ကျနေတယ်၊ မော့ကြည့်လာတဲ့ မျက်ဝန်းတွေအရ သူ့အပေါ်မှာ အလွန်အမင်း အားကိုးလိုခြင်းတွေ ပါတယ်၊ ဝမ်ကို ပွေ့ယူလိုက်ပြီးမှ သလွန်ပေါ်ကို ပြန်တင်ပေးလိုက်ပြီးမှ

'မင်း ကြားလိုက်တာလား'

'အင်း မင်းတတ်နိုင်တယ် မဟုတ်လား ဒေါ်လေးကို ကယ်ပေးပါ'

မတတ်နိုင်ဘူးလို့ ပြောမထွက်ချင်စဖွယ် ဟန်ပန်ကြောင့် မလုပ်နိုင်ဘူး ဆိုတာကို သူ ဘယ်လိုများ ပြောနိုင်မလဲ၊ မျက်လုံးစုံမှိတ်လျက်ဖြင့် ခေါင်းညိတ်လိုက်ရသည်။

'ဝမ် မင်း ငါကိုယ်တော်ကို ယုံတယ် မဟုတ်လား ဒါပေမယ့် အခုလို မင်းကိုယ်မင်း နာကျင်စေမယ် ဆိုရင် ငါကိုယ်တော် ဟန်ကို ဘယ်လိုသွားရမလဲ'

'ငါ ကိုယ့်ကိုယ်ကို ဂရုစိုက်မယ် သေချာပေါက်'

'မနက်နေထွက်တာနဲ့ ဟန်တိုင်းပြည်ကို သွားမယ်၊ ဘယ်လောက်ကြာမလဲတော့ မသေချာဘူး၊ မင်းက လျန်မှာပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေခဲ့ပါ၊ ဟန်က သတင်းကောင်းကို နားထောင်နေပါ'

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now