အပိုင်း-၁၆

11.4K 1.3K 64
                                    

ချစ်လှစွာသော အမတ်မင်း (အပိုင်း-၁၆)

@@@@@@@@@@@@@@@@

အဲ့လို ဟန်ဆောင်သော ကြင်နာခြင်းမျိုးက သိပ်ပြီး မုန်းဖို့ ကောင်းတယ်၊

'လျန်ဘုရင် အားနာစရာတွေတော့ ဖြစ်ကုန်ပြီ အဲ့လောက်ထိ ဟန်ဆောင်ဖို့ မလိုပါဘူး'

'ဟန်ဆောင်တယ်လို့ သတ်မှတ်မှတော့ အစစ်အမှန်ဟာလည်း ဟန်ဆောင်တယ် ဆိုတာပဲ ဖြစ်သွားမှာပေါ့ မဟုတ်ဘူးလား ဝမ် မင်းစိတ်ထဲမှာ ငါက ဒီလောက်ပဲ တန်ဖိုးရှိတယ်လား'

'အဲ့ဒါက မဖြစ်နိုင်စရာ ရှိလို့လား မဖြစ်သင့်လို့လား'

စူးအာ၏မျက်ဝန်းတွေက တွေဝေဟန်တစ်ချက်သာ ဖြတ်ပြေးသွားပြီးမှ ပွေ့ထားတဲ့အတိုင်းလေးနဲ့ နန်းဆောင်အတွင်းကို ချီလျက် ခေါ်ဆောင်သွားသည်။

'မင်း ထင်ချင်သလို ထင်လို့ ရတယ်ဝမ်၊ အစစ်အမှန်လား၊ ဒါမှမဟုတ် အတုအယောင်လား၊ ငါမင်းနဲ့ မငြင်းတော့ဘူး၊ ဒီအတိုင်းလေး ငါ့အနားမှာ ရှိနေတယ် ဆိုမှတော့ ငါက ဘာလို့ မင်းနဲ့ ငြင်းခုန်ပြီး ထိခိုက်စေရမှာလဲ'

'အပိုတွေ ပြောနေတယ်'

တစ်ရက်တစ်ခြား ပိုပိုပြီး အင်အားနည်းလာတာကို ကိုယ်တိုင်သာ သိသည်။ ကျင်းဝမ် ဘယ်လိုမှ ဒီနန်းတော်ထဲကနေ ထွက်ပြေးဖို့ မဖြစ်နိုင်မှတော့ ကိုယ့်ကိုယ်ကို မထိခိုက်ေ်စအောင် အလိုက်သင့်လေး နေနေဖို့ကို ရွေးချယ်ခြင်းက ပညာရှိမြည်အုံးမည်။

စူးအာက ကျင်းဝမ်အား အိပ်ရာပေါ်သို့ ချလိုက်ပြီးမှ နဖူးကို အသာအယာငုံ့နမ်းသည်။ ကျင်းဝမ် မျက်နှာကို လွဲရှောင်လိုက်တော့ နားထင်လေးက နွေးခနဲ ဖြစ်သွား၏။ အရင်လိုသာ အင်အားတွေ အပြည့်အဝ ရှိနေလျှင် ကျင်းဝမ် ဒီလို ဖြစ်နေမှာ မဟုတ်ဘူးလို့ တွေးမိစေသည်။

'ငါ့ကို ကုသဖို့ နည်းလမ်း ရှိတယ် ဆိုမှတော့ မင်း ဘာလုပ်နေတာလဲ ငါ့ကို ကုသပေးဖို့ မင်းအချိန်မဆွဲသင့်ဘူး'

'ရှိတယ် မကုပေးဘူး'

ပြောပြီးသည်နှင့် ကျင်းဝမ်အား နန်းဆောင်အတွင်းဝယ် ထားခဲ့ပြီးမှ ကျောခိုင်းထွက်ခွာသွားတော့၏။ ~ရှိတယ်၊ မကုပေးဘူး~ ဒီစကားမှာ ကျင်းဝမ်၏ ရင်ထဲသို့ အေးစိမ့်မှုတွေ တန်းစီလျက် ဝင်ရောက်လာတော့သည်။ ထိုအချိန်မှာ ဘာလို့မှန်း မသိလိုက်ခင်ပဲနှင့် ဒေါ်လေး၏ ပြန်လာခဲ့ ဆိုသော စကားက ကျင်းဝမ်အတွက် အားထားရာကဲ့သို့ ခံစားမိလာသည်။ ဒေါ်လေးသာဆိုရင် ကျင်းဝမ်ကို ဒီလို အနေအထားနဲ့ လျစ်လျူရှုထားမှာ မဟုတ်ဘူးလို့လည်း ထင်မြင်လာသည်။

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now