အပိုင်း-၁၇

11.9K 1.3K 96
                                    

ချစ်လှစွာသော အမတ်မင်း (အပိုင်း-၁၇)

@@@@@@@@@@@@@@@@

'ရှောင်အာ့ အိမ်ရှေ့မင်းသားကို ရအောင်ခေါ်လာခဲ့ မရရအောင် ဆွဲခေါ်လာခဲ့'

~ကံတရား ပြောင်းလဲခြင်းက အောင်မြင်သားပဲ၊~ နှုတ်ခမ်းဝယ် သွေးစတို့နှင့် ရှင်းက ထီမထင်ဟန် ပြုံးထားဆဲ၊ ထောင်အာကတော့ ဆို့ဆို့နစ်နစ် ငိုကြွေးနေပါပြီ။ ~ခမည်းတော်ကို အခု ရှင်းနားလည်ပြီ ခမည်းတော်၊ မိဘဆိုတာလေ~

@@@@@@@@

ဟန်နန်းတော်၊ မင်းကြီး၏ မဟာအသရေတော်ခန်းမ၊ ခန်းမအတွင်းဝယ် အဖြူရောင်ဝတ်လဲတော်ကို ဝတ်ဆင်ထားသော ရှင်ဘုရင်မကား လဲလျောင်းနေ၏။ အနီးတွင် ဟန်တိုင်းပြည်၏ တစ်ပါးတည်းသော မိဖုရားက မျက်ရည်တို့ စိုလူးလျက် အနားတွင် ထိုင်နေ၏။

မျက်လုံးတွေ မှေးမှိတ်ထားသော ရှင်းကို ကြည့်နေရင်းနှင့် ထောင်အာ ငိုပဲ ငိုချင်နေမိသည်။ ရှင်း ဒီလောက်ထိ အားနည်းနေမည်လို့ အတွေးထဲမှာ တွေးကို မတွေးမိထားတာပါ။ သမားတော်တွေ ပြောကြသည်က ရှင်းက ခွန်အားကုန်ခမ်းနေခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ သို့သော် ထောင်အာ စိတ်ပူပန်နေမိဆဲ ဖြစ်၏။

'အစ်မတော်!! ဒါက ဘယ်လို ဖြစ်ပြီး ကျွန်တော့်ကို အခုလို အကြမ်းပတမ်း လုပ်.. လွတ်ပါ'

အတင်းကျပ် ဆွဲခေါ်လာခဲ့ရဟန် တူသော ပိုင်ရှင်းက သလွန်ပေါ်ဝယ် မျက်လုံးတွေ မှေးမှိတ်လျက် လဲနေသော အစ်မဖြစ်သူကို မြင်မှ ရုန်းကန်ခြင်းတွေ တန့်ရပ်သွား၏။ ပြီးမှ လဲလျောင်းနေသော အစ်မတော်အနားသို့ တိုးသွားပြီးမှ နားမလည်နိုင်သော ဟန်ပန်ဖြင့်

'မရီး ဒါက ဘယ်လို ဖြစ်တာလဲ အစ်မတော်က ဘယ်လို ဖြစ်ပြီးမှ ဒါကြီးက အိပ်မက်လည်း မဟုတ်ဘူး'

ရှောင်အာ့က ပိုင်ရှင်းကို လွတ်ပေးလိုက်ပြီးမှ မျက်နှာမကောင်းပဲနှင့် ခန်းမအပြင်သို့ ထွက်သွားသည်။ ပိုင်ရှင်းက ကမန်းကတမ်းဖြင့် သလွန်တော်အနားသို့ တိုးလာပြီး ဒူးထောက်လိုက်ကာ

'အစ်မတော် ပိုင်ရှင်း ရောက်ပြီ မျက်လုံးဖွင့်ပါအုံး အစ်မတော်၊ ကျွန်တော် အမတ်ချုပ်ရဲ့ သမီးကို ယူမယ်လေ၊ အစ်မတော် စိတ်မဆိုးပါနဲ့တော့၊ ဒါမှမဟုတ် အစ်မတော် ဘယ်သူ့ကို ယူစေချင်လဲ ပိုင်ရှင်း သေချာပေါက် မငြင်းဘူး'

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now