အပိုင်း-၁၁

12.7K 1.5K 159
                                    

ချစ်လှစွာသော အမတ်မင်း (အပိုင်း-၁၁)

@@@@@@@@@@@@@@@@

ဒါဆို မင်းသေလိုက်

@@@@@@@@

ဒီမိန်းကလေး၊ အပြည့်အစုံ ပြောဖို့လိုရင် ဒီလှပပြီး ဉာဏ်များတဲ့ ရန်မိဖုရားက ဘာလို့ ကျင်းဝမ်ကို ခေါ်တွေ့တာလဲ ဆိုတာကို သေချာမတွေးရင်တောင် အဖြေကတော့ ပြီးပြည့်စုံနေသည်။ မင်းကြီးက အစဉ်အမြဲ သူမတစ်ဦးတည်းကိုသာ အသုံးတော် ခံနေခဲ့တာ ဆိုတော့ သူမဟာ သေချာပေါက် ကျင်းဝမ်နဲ့ မင်းကြီး၏ ပေါင်းစပ်မှုကို ကျေလည်ဖို့ လမ်းမရှိဘူး။

သို့ပေမယ့် သူမက သေသပ်စွာပဲ လှည့်ကွက်တစ်ခုကို သုံးပြီးတော့ ကျင်းဝမ်ကို လက်ဖက်ရည်သောက်ဖို့ ဆင့်ခေါ်လိုက်တယ်။ ကျင်းဝမ်သာ အမတ်မင်း တစ်ပါး၊ မင်းသားတစ်ပါး ဆိုရင် ဒါက လိုက်နာဖို့ မလိုပေမယ့် လက်ရှိမှာ ကျင်းဝမ်က လျန်နိုင်ငံက အမျိုးသား ကိုယ်လုပ်တော် ဆိုတော့ ဒါကို မလိုက်နာလို့ မရနိုင်ဘူး။ ကျင်းဝမ် စိတ်ထဲမှာ ကျဉ်တက်သွားမိတာတွေကို မျက်ကွယ်ပြုပြီး အဆင့်တစ် မိဖုရားအဆင့်ရှိတဲ့ ရန်မိဖုရားဆီကို လာခဲ့ရတယ်။

စူးအာ ကျင်းဝမ်ကို ဘယ်လို သဘောထားတာလဲ ဆိုတာကို ရှင်းလင်းဖို့ ဆန္ဒမရှိသည့်တိုင်အောင် ဒီလို တစ်ပါးသော မိန်းကလေးကို ရိုကျိုးဖို့အထိ စူးအာ ခွင့်ပြုမှာ မဟုတ်မှန်း သိနေသည့်တိုင်အောင် ကျင်းဝမ် ကိုယ်တိုင် ဒီကိစ္စကို ဖြေရှင်းဖို့ ဆန္ဒ ရှိတယ်။

"ကျင်းဝမ် အမတ်မင်း အော် မဟုတ်သေးပါဘူး ကျင်းဝမ် မင်းသား အဲ့တာလည်း မဟုတ်သေးပါဘူး ကိုယ်လုပ်တော် ကောင်း ထိုင်ပါအုံး"

ဒီစကားက ကျင်းဝမ်ကို တမင်သက်သက် အဆင့်နိမ့်သွားပြီ ဆိုတာ အသိပေးလိုက်မှန်း သိပေမယ့် ကျင်းဝမ် တွေးတောမိနေတာက ထိုအရာ မဟုတ်ပေ၊ ဟန်ဘုရင်ရဲ့ အနီရောင် အမှတ်တံဆိတ်တော်၊ အဲ့တာက မိုင်ငါးဆယ် ဝန်းကျင်အတွင်းမှာပဲ ဒီအမိန့်ကို အသုံးချရမည် ဆိုတဲ့ စည်းမျဉ်း၊ အဲ့တာကို ထပ်ခါတလဲလဲ တွေးတောနေမိပြီးမှ ချောက်ခြားစွာ မတ်တပ်ရပ်လိုက်မိသည်။

သွားပြီ၊ ဒေါ်လေးက နန်းမြို့တော်မှာပဲ ရှိနေတာပဲ၊ ဘယ်လိုတောင်မှ သူ့အတွေးတွေက နောက်ကျနေရတာလဲ၊

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now