အပိုင်း-၂၁

10.2K 1.2K 74
                                    

ချစ်လှစွာသော အမတ်မင်း (အပိုင်း-၂၁)

@@@@@@@@@@@@@@@@

တော်တော့

@@@@@

ထောင်အာ၏ အသံစာစာလေးကို ကြားမှ ပြေးသွားမိမလို ဖြစ်သွားသော ခြေလှမ်းတို့က ဗိုက်ကို လက်က အလိုလျောက် ရောက်သွားမိပြီးမှ တစ်ချက် ပြုံးလိုက်မိကာ ခြေလှမ်းတို့က တည်ငြိမ်သွားသည်။ ဗိုက်ထဲမှာ ကလေးလေး ရှိတယ်၊ ဆေးပညာ အဆိုအရ ပြေးလွှားဖို့ မသင့်တော်တော့ဘူး။

@@@@@@@@@@

တောအတွင်းရှိ ပန်းများက ငွားငွားစွင့်စွင့် ပွင့်ဝေနေကြသည်။ တောလိုက်ထွက်ဖို့ လာတယ် ဆိုပြီးကာမှ ထောင်ထောင်က ပန်းခူးမယ် ဆိုသဖြင့် နဘေးနားတွင် ပန်းထည့်ရန် ခြင်းတောင်းလေးကို ကိုင်၍ အနောက်မှ လိုက်ပါနေသော ဒေါ်လေးကြောင့် တခြားသော ကိုယ်ရံတော်များပင်လျှင် ဓားကို ချကာ ပန်းခြင်းတွေ လိုက်ကိုင်ရတော့ မလိုတွေ ဖြစ်ကုန်ကြ၏။

နန်းတော်တွင်း၌သာ အနေများသော ထောင်ထောင်ကတော့ သစ်ပင်မြင်တိုင်း လက်ညိုးထိုးလျက် ကောက်ယူ ခူးယူစေသည်။ ဒေါ်လေးကလည်း မငြီးမငြူပင် ခူးယူပေး၏။ ထိုမြင်ကွင်းကြောင့် ကျင်းဝမ်ပင် ငေးကြည့်နေရင်းက အလိုလို ပြုံးမိလာသည်။

'ဟူး'

အနားသို့ သက်ပြင်းချသံကို ကြားလိုက်ရတော့ ကျင်းဝမ် လှည့်ကြည့်မိသည်။ လျိုဝေ၊

'လျိုဝေ မင်းမှာ ဘာစိတ်ပူစရာ ရှိနေတာလဲ'

လျိုဝေက တစ်စိုက်မက်မက်ဖြင့် ငေးနေရာမှ ကျင်းဝမ်အား လှည့်ကြည့်လာပြီးမှ

'မင်းအဒေါ်က အတွင်းအား အကုန်လုံးကို အသုံးပြုထားတယ်၊ ဒါကိုတောင်မှ သစ်ပင်ပေါ်တက်ဖို့ သူက လုပ်နေသေးတယ်၊ စောစောသေချင်တယ် ဆိုလည်း ဒီလိုတော့ သစ်ပင်ပေါ်က ပြုတ်ကျပြီးတော့ ရုပ်ပျက်ဆင်းပျက် သေဖို့ကို မရွေးချယ်သင့်ပါဘူး'

'မင်း ဘာတွေ ပြောနေတာလဲ လျိုဝေ ငါ့အထင် မင်းက မသိရင် ငါ့ထက်ကို အသက်ကြီးနေသလိုပဲ'

'မင်းက သိပ်ငယ်သေးလို့လား ငါ့ကို မသိတော့တာက'

'မင်းပြောတာက'

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now