အပိုင်း-၂၅

9.6K 1.1K 20
                                    

ချစ်လှစွာသော အမတ်မင်း (အပိုင်း-၂၅)

@@@@@@@@@@@@@@@@

'သိပ်ခက်လိမ့်မယ်'

ဟန်ယူရှင်း၏ နှုတ်မြွှတ်စကားအရ ဒါသည်က အမှန်တကယ်ပင် ခက်လိမ့်မည် ဆိုတာ ကျင်းဝမ် နားလည်လိုက်၏။ ဒေါ်လေးက သလွန်ထက်တွင် ထိုင်နေရာမှ ထရပ်သည်။ ထောင်ထောင်၏ လက်အား လှမ်းဆွဲလိုက်ပြီးမှ

'ငါက အသက်ကြီးပြီ၊ ဟန်တိုင်းပြည်မှာလည်း စိတ်မချစရာ ရှိဘူး၊ အဲ့ဒါကြောင့် ငါ နေရစဉ် တစ်ခဏပဲ ကျန်တယ် ဆိုရင်တောင် ငါ့အနားမှာပဲ တစ်သက်လုံး နာနာခံခံနဲ့ မရင့်ကျက်နိုင်တဲ့ မိန်းကလေးအနားပဲ နေချင်တော့တယ်၊ ငါမသေချင်သေးဘူး ဆိုတာ မှန်တယ်၊ အမှန်ပြောရရင် ငါသူမထက်ကို အရင်မသွားချင်ရုံလေးတင်၊ သူမက ရင်နာပြီး ကျန်နေခဲ့မယ် ဆိုတာကို မဖြစ်စေချင်ရုံလေးတင်ပါ'

ဒေါ်လေးသည် သေခြင်းတရားကို ရင်ဆိုင်ရမည်ဟု သိနှင့်သည်တိုင် ထောင်ထောင်က ရင်နာပြီး ကျန်နေခဲ့မည်ကိုသာ စိုးရိမ်သည်ဟု ဆိုလေ၏။

'ငါအိုနေပြီ ပိုင်ရှင်း မင်းလိမ္မာရမယ့် အချိန်ရောက်ပြီ'

ကျင်းဝမ် မကြုံစဖူးပင် ဦးလေးပိုင်ရှင်းက ဒေါ်လေး၏ စကားကို အတွန့်မတက်သလို ဘာမျှမပြောပဲနှင့် မျက်ရည်ဝေသော မျက်ဝန်းတို့ဖြင့် မော့ငေးကြည့်နေသည်။ ကျင်းဝမ်ပင် ထိုအခြေအနေအား နားလည်စေရန် ကြိုးစားဖို့ လိုအပ်နေလေသည်။ အကောင်းကြီး ရှိနေသေးတဲ့ ဒေါ်လေးက ထွက်သွားတော့မည် ဆိုခြင်းက မည်သို့သော အခြေအနေနည်း၊ ကျင်းဝမ် နားလည်ဖို့ ခက်ခဲနေဆဲပင် ဖြစ်၏။ အားလုံးသော လူတွေက ဒီအခြေအနေကို နားလည်လက်ခံလိုက်ကြပြီဟုလည်း ကျင်းဝမ် ခံစားမိသည်။

လက်ရှိတွင် ထိုအခြေအနေကို လက်မခံနိုင်သေးသူမှာ ပထမတစ်ယောက်က ထောင်ထောင် ဖြစ်မည် ဖြစ်ပြီး ဒုတိယတစ်ယောက်က ကျင်းဝမ် ဖြစ်မည်။ အခုထိပင် ကျင်းဝမ် စကားတစ်ခွန်းမှ မဆိုနိုင်သေးပေ။ ဆိုရန်စကားကလည်း တစ်ခွန်းမျှ မထွက်လာနိုင်ပေ။

ဒေါ်လေးသည်သာ အသန်မာဆုံး၊ ဒေါ်လေးသည်သာ တစ်လောကလုံးမှာ အတော်ဆုံး၊ ဒေါ်လေးက အခန့်ညားဆုံး၊ ဒေါ်လေး၏ အမိန့်သံသည်သာ အထက်မြက်ဆုံး၊ ဒေါ်လေးသည်သာ သာမန်မဟုတ်သည့်အရာအားလုံးကို ကျော်လွှားနိုင်ဆုံး၊ ဒေါ်လေးက အကြံ့ခိုင်ဆုံး၊ ကျင်းဝမ် ရှေ့သို့ တစ်လှမ်းတိုးတိုင်း အနောက်တွင် ဒေါ်လေးက တွန်းအားအဖြစ် ရဲဝံ့စေဖို့ ရဲရဲလှမ်းဖို့ အမိန့်ပေးခဲ့သည်။ ဒေါ်လေး၏ အမိန့်တွေနှင့် ကျင်းဝမ်၏ တစ်သက်တာလုံး ကုန်ဆုံးခဲ့သည်။ လျန်ကို သွားပါဟု ဆိုတော့ လျန်တွင် သွားနေရသည်။ ပြန်လာပါဟု ဆိုတော့လည်း ကျင်းဝမ် မနာခံခဲ့သည် မဟုတ်ပေ။

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now