P - 5🍁

755 100 1
                                    

Zawgyi

Toiletတွေသွားတဲ့လမ်းမရောက်ခင် ကနေတဲ့လူတွေက ဖွင့်ထားတဲ့သီချင်းသံမြူးမြူးတွေကို မကြားကြတော့တဲ့အလား.... ကခုန်နေချင်းကိုရပ်ထားကြပြီး တစ်နေရာကိုပဲပါးစပ်အဟောင်းသားနဲ့ကြည့်ရှုနေကြသည်။

ဘုန်းဆက်ရှိန်ဝါတစ်ယောက်ကတော့ Barထဲက လူတွေ ဘာတြွေဖစ်ပျက်နေကြလဲသူမသိဘူး၊ သူလုပ်စရာရှိတာလုပ်ပြီး သူ့အရက်ခွက်သူကိုင်ပြီးမော့သောက်နေသည်။

ဒီနေ့က မိသားစုတွေနဲ့ ဝေးကွာခဲ့ရတဲ့၁၇နှစ်နှစ်
ပြည့်တဲ့နေ့ ၊ စိတ်ထဲမှာအရမ်းမွန်းကျပ်လာလို့ တစ်ယောက်ထဲနေ နေရင် ကိုယ့်အသက်ကို ရန်ရှာမိတာမှာသိလို့ ဆိုင်ကယ်ပတ်စီးနေခဲ့ရင်း လူတွေတစ်ယောက်ပြီးတစ်ယောက် ဝင်လိုက်ထွက်လိုက်နဲ့ အတော်ကိုလူစည်လှပြီး အဆင့်အတန်းမြင့်မြင့်တည်ဆောက်ထားတဲ့ Barကိုမြင်လို့ စိတ်ဝင်စားသွားပြီး ဝင်ချလာခဲ့တာ.....လာမှလာတော့တစ်ခုခုတော့သောက်မှရမည်လေ.....

ညီစေလဲ Toiletသွားဖို့လုပ်နေရင်းက လူတွေဝိုင်းကြည့်နေတဲ့နေရာကို ကြည့်လိုက်မိသည်။

"ဟိုက်ရှားပါးးးးးးးနတ်ဘုရားဆင်းလာတာလားးးး"

ဆွယ်တာ အနီရဲရဲလေးကို လည်ပင်းကြယ်သီး၃လုံးဖြုတ်ထားတော့  ဖြူဝင်းတဲ့အသားအရေ နဲ့ ရင်ဘတ်မွှေးလေးတွေကိုပါမြင်နေရပြီး pantsအနက်ရောင်ကိုFitကျကျဝတ်ဆင်ထားတော့ တောင့်တင်းတဲ့ခန္တာကိုယ်ကြွက်သားတွေကိုကွင်းကွင်းကွက်ကွက်မီးမောင်းထိုးပြနေသည့်အတိုင်း........ အရပ်အမောင်းကအနည်းဆုံး ၆ပေ၂လောက်ရှိလောက်သည်။ အရက်ဘားတန်းမှာ စပ်အရက်တစ်ခွက်ကို မှာပြီး ဘားကေယင်တာကိုလက်တွေထောက်ထားပြီးမတ်တပ်ရပ်နေတဲ့ ပုံစံကအရမ်းကိုSmartကျပြီးဆွဲစောင်မှုရှိလှသည်။
အရက်ခွက်ကိုလက်ချောင်းရှည်သွယ်သွယ်လေးတွေနဲ့လှုပ်လီလှုပ်လဲ့လုပ်ပြီး ခေါင်းလေးမော့ပြီးသောက်လိုက်တော့ ယောကျာ်းဆန်လှတာကိုထုပ်ဖော်ပြသတဲ့ လည်စလုပ်ထင်းထင်းလေးက လှုပ်ခပ်သွားတာက အစကဗျာဆန်လှသည်။

ဆံပင်တွေကို ဘေးခွဲထားထားပြီး ဖြစ်သလိုသပ်တင်ထားလို့ ကပိုကရိုဖြစ်ပျက်နေတဲ့ကေနဲ့ ယောကျာ်းဆနှ်တဲ့နှာခေါင်းချွန်ချွန်ကဘေးတိုက်အနေအထားမှာတောင် လှပတင့်တယ်စွာရှိနေသည်။

Commando🍁(Complete)Where stories live. Discover now