P - 20🍁

647 78 2
                                    

Zawgyi

"ညီရေ..ညီ..ညီ ကိုယ့်အသံကိုကြားရဲ့လား ညီရေ"

"ဘာကိစ္စအော်နေတာလဲ?!!တောထဲမှာနာမည်တွေအော်မခေါ်ရဘူးဆိုတာကိုတောသားကမသင်ခဲ့ရဘူးလား"

"ဟင် ညီ....ညီကဒီမှာရောက်နေတာကိုး ကိုယ်ကစိုးရိမ်သွားတာပဲကွာ"

"ဘာတွေတောင်စိုးရိမ်နေတာလဲ လာ ဒီမှာလာထိုင် ကောင်းကင်ကြီးရဲ့အလှကိုလာခံစားကြည့်"

တောနှစ်တောရဲ့ကြားထဲက ချောင်းရေတစ်သွင်သွင်စီးဆင်းနေတဲ့ ဘေးက တဲအိမ်လေးဟာ ကျယ်ပြောလှတဲ့ကောင်းကင်ယံကနေထွန်းလင်းတောက်ပနေတဲ့ လမင်းကြီးနဲ့ကြယ်တာယာတွေရဲ့ အလင်းတန်းအောက်မှာ တိတ်ဆိတ်အေးချမ်းမှုတွေနဲ့ လူသားနှစ်ယောက်ရဲ့ရင်ထဲကိုအေးချမ်းနေစေသည်။

မြက်ခင်းပြင်ပေါ်မှာ ခြေထောက်တွေကို ဆန့်ထုပ်ထားပြီး လက်တွေကိုနောက်ပြန်ထောက်ထားတဲ့ ညီစေက ကောင်းကင်ကြီးကို မော့ကြည့်နေသည်။
အနားကိုတိုးကပ်လာတဲ့ ခြေသံကြားပေမယ့်လှည့်မကြည့်ပဲ ဘယ်သူဆိုတာကိုသိနေသည်။ထိုလူအနားကိုရောက်သွားတိုင်းရင်ထဲက ခံစားချက်တွေက ချွန်းအုပ်လို့မရအောင် ပေါ်ပေါက်လာတတ်သည်။ ရင်ထဲကချစ်ခြင်းမေတ္တာတွေကိုဖွင့်ဟဝန်ခံပြစ်လိုက်ချင်ပေမယ့် ဒီအခြေအနေက အချိန်ကောင်းမဟုတ်သေးဘူးလေ......

"ညီ ဘာတွေတွေးနေလဲ?...ကောင်းကင်ကြီးကလှလိုက်တာနော်"

ဘုန်းဆက်ရှိန်ဝါက ညီစေနဲ့ လက်တစ်ကမ်းအကွာမှာ လာထိုင်ပြီးညီစေလိုပဲ လက်တွေကိုနောက်ပြန်ထောက်ထားသည်။
နှစ်ယောက်စလုံးယှဉ်ပြီး ကောင်းကင်ကြီးရဲ့အလှကိုခံစားနေမိသည်။

"ဒီလိုအလှတရားတွေကိုမမြင်ဖူးတာ အနှစ်၂၀ကြာခဲ့ပြီ "

ဘုန်းဆက်ရှိန်ဝါက အတိတ်ဖြစ်ရပ်တွေကို လွမ်းဆွေးရင်း ဆွေးဆွေးမြေ့မြေ့ဆိုလာသည်။

"ဟုတ်တယ် မြို့ကြီးပြကြီးတွေမှာသိပ်မြင်ရလေ့မရှိတဲ့ လသာညနဲ့ကြယ်စုံ ညရဲ့အလှတရားတွေ ၊လျှပ်စစ်မီးရောင်စုံတွေရဲ့အလှတွေကိုပဲကြည့်နေမိခဲ့ပြီး ညကောင်းကင်ယံရဲ့သဘာဝအလှကိုတော့ မော့ကြည့်ပြီးမခံစားမိကြဘူးလေ"

Commando🍁(Complete)Where stories live. Discover now