P - 47 🍁Unicode -(Final)

895 38 15
                                    

ရာပြည့်နဲ့ထက်မြတ်တို့ရဲ့တည်နေရာကိုခြေရာခံမိသောကြောင့် ဦးကောင်းမြတ်ကိုယ်တိုင်ထိုနေရာသို့လိုက်သွားခဲ့သည်။သို့သော် နေရာတကာအကွက်ကျကျ စေ့စေ့စပ်စပ်နှင့်နောက်ကြောင်းအေးအောင် အလုပ်ကိုသေချာအောင်လုပ်သည့် သူ့ရဲ့ ညာလက်ရုံးနေရာမှာတောင်ထားရသည့် ရာပြည့်ဟာ သည်တစ်ကြိမ်မှာလဲ အကွက်ကျကျ
လှည့်စားသွားခဲ့သည်မှာ နေရာတွင် ကားအလွတ်တစ်စီးကိုသာ ချန်ထားခဲ့သည်အထိ ။
လူတွေကတော့ နောက်ကားတစ်စီးမောင်းသွားသည်ထင်ရဲ့ ၊ အဝေးပြေးလမ်းမပေါ်ကိုတက်ရန် လမ်းသွယ်လေးခုခွဲထားသည့်နေရာမှာ သူ၏သား ထက်မြတ်၏ပြိုင်ကားအမည်းရောင်လေးကိုရပ်ထားခဲ့သည်။ ချက်ချင်း
ရာပြည့်၏ကားတည်နေရာကိုရှာကြည့်လိုက်တော့ ထိုကားတည်နေရာက "မြတ်" အိမ်တော်ကိုပြသနေသည်။

"သခင်ကြီး ရာပြည့်က ကားကိုအိမ်တော်မှာထားထားခဲ့တာ ကြာပြီလေ ၊ သူအရင်ရက်တွေကတည်းက အပြင်သွားရင် သခင်ကြီးကားကိုပဲသုံးတာဗျ"

လက်ခနဲအတွေးတစ်ခုဝင်လာသောကြောင့် သူ့အိမ်တော်မှာကျန်ခဲ့သည့် တပည့်ကိုဖုန်းဆက်ကာ ဂိုထောင်ထဲက ကားအရေအတွက်မေးကြည့်တော့လဲ ကားက ၃စီးလုံးရှိနေသည်တဲ့...

ကြံရာမရတော့သည့်အဆုံး ​​ဖြစ်ပေါ်လာသမျှဒေါသတွေကို ပုံချရန်က အခန်းထဲမှာဖမ်းထား
သည့် Commando ဆိုသည့်ကောင်ကိုသာ...

အခန်းထဲမှာ မတ်တပ်ကြိုးတန်းလန်းချည်ထားလျှက်နှင့် ခေါင်းငိုက်စိုက်ချကာ အိပ်ပျော်နေသလား သတိမေ့နေသလားမသိရသည့် ကောင်ကိုမြင်တော့ တစ်ခါတည်းနဲ့ကျည်ဆံတစ်ချက်ပြစ်သွင်းရမှာတောင်နှမြောလာမိသည်။

"ချောက်!.."

သေနတ်မောင်းတင်ပြီးပြစ်ရန်ချိန်ရွယ်လိုက်တဲ့အထိ ထိုကောင်က ခေါင်းထောင်မလာခဲ့ဘူး ၊

"သခင်ကြီး..."

"ဘာလဲ!!"

သူ့ရဲ့ ညာလက်ရုံးပြီးရင် ယုံကြည်အားကိုးအားထားပြုရသည့် နောက်လိုက်တစ်ယောက်က လက်တွေကိုတားမြစ်လာသည်။

"သခင်ကြီး စဥ်းစားပါအုံး ၊ ဒီကောင်က သခင်ကြီးအတွက် သေနတ်တွေ ဓားတွေ ဗုံးတွေထက်ပိုမိုကောင်းမွန်တဲ့ လက်နှက်တစ်ခုပဲ"

Commando🍁(Complete)Where stories live. Discover now