P - 24🍁

747 56 4
                                    

Zawgyi

တောထဲမှာ တစ်ပတ်လောက်နှစ်ယောက်အတူ ချစ်ကြည်နူး တစ်တစ်တူးပြီးတဲ့နောက်တစ်နေ့မနက်မှာတော့  ဂျက်လေယာဉ်သံတစ်ဝီဝီနဲ့ Logoအဖွဲ့က အခေါ်လွှတ်လိုက်တဲ့ အဖွဲ့ကရောက်လာတော့သည်။

ဒီကြားထဲမှာ မင်းထက်နဲ့ ညီစေကအဆက်အသွယ်ရှိနေတော့ တောထဲကအိမ်ကိုလဲမင်းထက်ကသိပြီးဖြစ်လို့ တဲအရှေ့အရောက်လေယာဉ်ကလာရပ်သည်။
ဒီရက်တွေအတွင်းမှာ ဘုန်းညီအတွဲကတော့ တောထဲမှာ ရာဇဝတ်သားလား Honeymoonထွက်လာသည့်အတွဲလား မသဲကွဲနိုင်အောင် ချစ်ကြည်နူးခဲ့ကြပြီးသာယာခဲ့ကြသည်။

ပြည်မကြီးထဲက Social mediaတွေမှာတော့ ဝန်ကြီးချုပ်ရဲ့သားက မုဒိန်းကောင်ဖြစ်နေတယ်ဆိုတဲ့ခေါင်းစဉ်ရယ် ၊ ပြည်သူတွေဆီက ငွေတွေကို ခေါင်းပုံဖြတ်ပြီးယူတဲ့ ဝန်ကြီးချုပ်နဲ့ လင်မယားရဲ့သတင်းတွေကဆိုရင် Facebook၊ Youtube ၊twitterနဲ့ social mediaအသုံးပြုနိုင်တဲ့နေရာတိုင်းမှာဟိုးလေးတစ်ကျော်ကျော်ဖြစ်နေပြီး ပြည်သူတွေကလဲ အကျင့်​​ပျက်ချစားနေတဲ့ဝန်ကြီးကို ပြင်းပြင်းထန်ထန်အရေးယူပေးရန် ဆန္ဒပြပွဲတွေနေ့စဉ်ရက်ဆက် ပြုလုပ်နေကြသည်။

ဖြစ်စဉ်အကြောင်းအစအဆုံးကို မင်းထက်ကဘုန်းဆက်နဲ့ ညီစေကို အကျယ်တဝင့်ရှင်းပြသည်။
ညီစေက ဒီကြားထဲမင်းထက်နဲ့အဆက်အသွယ်ရှိနေကြောင်းကို ဘုန်းဆက်ကိုပြောမပြသလို ဘုန်းဆက်ကလဲ တဲထဲမှာတွေ့ခဲ့တဲ့မူးယစ်ဆေးဝါးတွေနဲ့လက်နှက်တွေအကြောင်း ညီစေ့ကိုပြောမပြခဲ့ပါ ။

အံ့သြတဲ့အရိပ်အယောင်တစ်စက်ကလေးမှမပြပဲ ဘုန်းဆက်က မင်းထက်ကို အလေးပြုလာသည်။

"လေးစားပါတယ် Commando Kelvin "

"လေးစားပါတယ် Commando Zeus ဒါနဲ့ကိုဘုန်းဆက်ကနည်းနည်းလေးမှအံ့သြပုံမရဘူးနော် နဂိုကတည်းကရိပ်မိနေတာလား"

"အင်း ရိပ်မိတယ်ဆို ကိုယ့်ကိုဒီMissionကိုထမ်းဆောင်ဖို့တာဝန်ပေးတာက ဝန်ကြီးချုပ်ရဲ့ မိသားစုဆရာဝန်ဉီးနိုင်ဝင်းလေ သူကတော့ အိမ်တော်ရဲ့မိသားစုအကြောင်းကိုတီးမိခေါက်မိရှိလောက်ရုံသိထားတော့ အိမ်တော်ကသားအကြောင်းကိုလဲသူကသတိထားမိတယ် ၊အစကသံသယဖြစ်နေအုံးတော့ laptopကိုအသဲအသန်ပြန်ရဖို့အတွက်အတော်ဆုံးလူတွေကိုသာရှာပေးပြီး သူ့ဆီlaptopပါလာဖို့ပဲ အဓိကထားနေတော့ ဉီးနိုင်က သူထင်ထားတဲ့ဟာပဲဖြစ်ရမယ်ဆိုပြီး ကိုယ့်ကိုအခွင့်သာတာနဲ့အခု တစ်ခါတည်း ဖော်ထုပ်ခိုင်းတာပေါ့ "

Commando🍁(Complete)Where stories live. Discover now