R 🚨 /P - 23🍁

1.4K 72 6
                                    

Zawgyi  --- Rated 🚨

ညီပျောက်လို့လိုက်ရှာနေတုန်းကထက်ပိုမိုမြန်ဆန်တဲ့ခြေလှမ်းတွေနဲ့အတူ ဘုန်းဆက်က ညီစေကိုပွေ့ချီပြီး တဲဆီကို သုတ်ခြေတင်လာတော့သည်။အေးစက်တဲ့လေတွေကနေ နွေးထွေးမှုဆီကို​ကူးပြောင်းရန်အလို့ငှာ နှစ်ဉီးသား ရဲ့ခန္ဓာကိုယ်ချင်းထိကပ်နေဖို့လိုအပ်သည်လေ၊

ပြုတ်ကျမှကိုကြောက်တဲ့အလား ညီစေကလဲဘုန်းဆက်ရဲ့လည်ပင်းတွေကို ပြန်လည်သိုင်းဖက်ရင်း မျက်လုံးအကြည့်တွေက ဘုန်းဆက်မျက်နှုကမခွာပဲလိုက်ပါလာခဲ့သည်။ တစ်ချက်တစ်ချက် ဘုန်းဆက်ကငုံ့ကြည့်လိုက်လို့ အကြည့်ချင်းဆုံသွားခဲ့ရင် လူကို ကလူကျီစယ်သလို ပါးလေးကိုလှမ်းလှမ်းနမ်းလိုက် လည်တိုင်ကိုနှုတ်ခမ်းသားလေးတွေနဲ့ပွတ်ဆွဲလိုက်လုပ်နေတဲ့ ညီစေဟာ ဒီညအတွက် ဘုန်းဆက်ရှိန်ဝါဆိုတဲ့ဘဲကြီးရဲ့အစားခံရမှာကိုကြည်ကြည်ဖြူဖြူကိုလက်ခံပေးနေတော့သည့်အလားပါပဲ.....

"ညီ.... အရမ်းဆိုးနေတယ်ပေါ့လေ "

"ကိုကိုက ခြေလှမ်း လှမ်းတာနှေးလိုက်တာ..."

ညီ့ရဲ့ညုတုတုစကားသံလေးအဆုံးလူက ဘယ်လိုမှကို ခြေလှမ်းဆက်မလှမ်းနိုင်လောက်အောင် ဒူးပါခွေကျချင်လာသည်။ ညီဟာ ဘယ်လိုတောင်လူကိုကျီစယ်နိုင်ရတာလဲကွာ......

"ညီ မင်းတော့ ဒီညလုံးဝအိပ်ရမယ်မထင်နဲ့တော့..."

ဘုန်းဆက်က ရင်ထဲကလှိုက်ဖိုတုန်ခါမှုနဲ့ဒူးမခိုင်မှုတွေကိုကျိတ်မှိတ်ခံစားနေရသည့် အံကျိတ်သံနဲ့ပြောလာသည်။
ဒါကိုအစအဆုံးမြင်တွေ့နေသည့်ညီစေကလဲ သူ့ကြောင့်သူ့ကိုကိုရဲ့ ဖြစ်တည်လာမှုတွေကို သွားစွယ်ချွန်ချွန်လေးတွေပေါ်သည်အထိ ပြုံးရယ်နေတော့သည်။

ခြေလှမ်းတွေကိုနှစ်ဆမြန်စေပြီး တဲဆီကိုရောက်ရန်သာအားကြိုးမာန်တက်ကြိုးစားနေတော့သည်။

တဲက ကုတင်ပေါ်ကိုရောက်တာနဲ့ ပွေ့ချီထားတဲ့ညီ့ကို အသာအယာချပေးလိုက်တော့ လည်တိုင်ကိုတွယ်ဖက်ထားတဲ့ ညီကလက်တွေကိုပိုမိုတင်းကျပ်စွာဖက်တွယ်ပြစ်လိုက်ပြီး ကိုယ်တစ်ပိုင်းညွှတ်ကျလာတဲ့ ဘုန်းဆက်ကိုအလွတ်မပေးပဲဖက်တွယ်ထားတော့သည်။

Commando🍁(Complete)Where stories live. Discover now