M/ P - 37🍁

474 32 26
                                    

Zawgyi

ညက မိခင်ဖြစ်သူပြောသွားတဲ့စကားတွေကြောင့်ဝမ်းနည်းဝမ်းသာဖြစ်ပြီး တစ်အိအိငိုနေတဲ့ ညီ့ကြောင့် ဘုန်းဆက်ကအကြောင်းပြချက်တစ်ခုပြပြီး အချစ်နလန်ထပြစ်လိုက်သည်။

'ကိုယ်နဲ့အိပ်ယာပေါ်မှာ အချစ်ကြမ်းပြီးကျတဲ့မျက်ရည်ကလွဲရင် ဘာအကြောင်းကြောင့်မှမျက်ရည်ကျခွင့်မရှိ ´ဆိုပြီး နေ့တစ်နေ့ကူးသွားတဲ့အထိ ကြမ်းကြမ်းရမ်းရမ်းချစ်ပြစ်လိုက်တာ ညီ့မျက်ရည်တွေဆိုတာ ခေါင်းအုံးမှာပါအကွက်လိုက်ဖြစ်ရော ပါပဲ....

နွေးထွေးတဲ့နေရောင်လေးမဟုတ်တော့တဲ့ နည်းနည်းပူလာပြီဖြစ်တဲ့အချိန်မှ ကိုကိုက မနက်စာနဲ့နေ့လည်စာပေါင်းစားဖို့လာနှိုးသည်။

ညက ညီကပင်ပန်းသွားပေမယ့် သူကတော့အားအင်အသစ်တွေတိုးပွားလာတော့ နေ့သစ်တစ်နေ့ကို ကူးပြောင်းဖို့ တက်ကြွနေသည်လေ...

အချစ်ပင်လယ်မှာတစ်ညလုံးနီးပါးလက်ပြစ်ကူးထားလို့ ပင်ပန်းနေတဲ့ညီ့ကို ဖွယ်ဖွယ်ရာရာနဲ့ ပြန်ချော့ရမယ်ဆိုတာကိုတော့ သူသိပါသေးသည်။
ညီ့အကြိုက်တွေကြီး စားစေရန် mini martကိုဈေးသွားပြီးချက်ပြုတ်ထားလိုက်သည်။
ညီကဘာတွေကြိုက်လဲလို့ထူးပြီးမေးနေစရာမလိုပါ ၊ညီကသူချက်ကျွေးသမျှကို နိုးဆီဗူးနှစ်ဗူးချက်ကိုပေါင်းအိုးတစ်ဝက်ကုန်သည်အထိ စားမယ်ဆိုတာ သိထားပြီးသား....

မနက်၁၀နါရီလောက်မှ မနက်စာနေ့လည်စာပေါင်းစားပြစ်လိုက်သည်။
ချဉ်ရည်ဟင်း ၊ အရွက်စုံကြော်နဲ့ ၊ ကြက်ဥကြက်သွန်ကြော်ပါမက ကြက်သားချဉ်စပ်ချက်က​လေးပါချက်ထားတော့ ဗိုက်ရိုက်စားပြစ်လိုက်မိသည်။
မန်ကျည်းသီးနှစ်နဲ့ ငရုတ်သီးစိမ်းကို အချိုးဆကျကျချက်ထား​ပြီး ကြက်သားဖတ်ကပါ နူးအိနေပြီး အနှစ်ကအစစားကောင်းနေသည်။
ချဉ်ချဉ်စပ်စပ်ကထမင်းဆွဲတယ်ဆိုတာက တစ်ကယ်မှန်သည်။

ဟင်းကအစပ်အနပ်တည့်တဲ့အပြင်လက်ရာလေးကလဲကောင်း.. ချစ်တဲ့သူကမေတ္တာတွေစေတနာတွေ ထည့်ချက်ကျွေးထားတော့ စားကောင်းလိုက်တာမှ ဘာကောင်းသလဲမမေးပါနဲ့တော့....

ဗိုက်အင့်ပြီးမလှုပ်နိုင်မရှားနိုင်ဖြစ်နေမှတော့ ကုတင်ပေါ်လှဲရင်း ဖုန်းပဲကြည့်နေလိုက်သည်။Newfeedကိုအပေါ်ဆွဲလိုက်အောက်ဆွဲလိုက်လုပ်ရင်း သိလိုက်တာက LGBTQ+တွေအများကြီးပေါ်ထွန်းနေပြီဆိုတာပဲ ၊ထောက်ခံအားပေးတဲ့သူတွေရောဆိုတော့ တစ်ချို့မဝံမရဲဖြစ်နေရင်တောင် အပေါင်းအဖော်တွေနဲ့ အားပေးနေတဲ့သူတွေရှိသေးပါလားဆိုတဲ့အသိနဲ့ အားမငယ်တော့ဘူးပေါ့...

Commando🍁(Complete)Tahanan ng mga kuwento. Tumuklas ngayon