P - 22🍁

696 69 6
                                    

Zawgyi

တစ်ယောက်နဲ့တစ်ယောက်ရေနဲ့ပက်လိုက် ၊ရေထဲဆွဲနှစ်လိုက်၊ရေကူးပြိုင်လိုက်နဲ့ အချိန်ကြာကြာရေထဲမှာဆော့ကစားပြီးတဲ့နောက် လတ်လတ်ဆတ်ဆတ်အချစ်ငှက်ကလေးနှစ်ကောင်ဟာ ကုန်းပေါ်ကအ၀တ်တွေပဲပြန်ဝတ်ကြပြီး ထင်းမီးဖိုလေးဘေးမှာ ညီစေဖမ်းထားတဲ့ငါးတွေကိုကင်းထားရင်မီးလှုံနေရတော့သည်။

ငယ်ငယ်ကဘယ်လောက်တောင်ဆော့ကစားခဲ့ကြောင်းဘုန်းဆက်ကပြောတဲ့အခါ စာတွေကြားမှာခေါင်းနှစ်နေခဲ့ရတဲ့ညီစေက အားကျပျော်ရွှင်နေတဲ့ မျက်နှာလေးနဲ့ပြုံးပြုံးလေးထိုင်ကြည့်နေတတ်သည်။

ညီစေကတော့ သူတွဲခဲ့ဖူးတဲ့ကောင်လေးတွေနဲ့ကောင်မလေးတွေက ဘယ်လောက်တောင်လှကြောင်း၊သူ့ကိုလဲအသေရရအရှင်ရရချစ်ကြကြောင်းကြွားဝါပြီးပြောတဲ့အခါမှာ ဘုန်းဆက်ကတော့ပြုံးပြုံးလေးကြည့်မနေနိုင်ဘူး၊မျက်မှောင်ကြီးကျုံ့ထားလွန်းလို့ ထိစပ်လုနီးနီးဖြစ်နေတဲ့မျက်ခုံးကြီးရဲ့အောက်ကမျက်ဝန်းတွေကဆိုရင် ငါးကင်ထားတဲ့မီးဖိုထက်ပိုပြီး မီးဝင်းဝင်းတောက်နေသည်။
အဲ့အကြည့်တြွေမင်တိုင်းညီစေက ကျေနပ်နေတယ်လေ သု့ကိုဘယ်လောက်သ၀န်တိုနေကြောင်းမြင်နေရတာကို ကျေနပ်နေရှာသတဲ့၊

"ကိုကိုသိလား အဲ့နောက်ဆုံးတွဲခဲ့တဲ့ကောင်လေးကလေ အရမ်းကိုချောပြီး နုဖတ်နေတာပဲ မထိရက်မကိုင်ရက်စရာလေးဒါပေမယ့်သူက ကံမကောင်းဘူးကိုကိုရဲ့ ကျွန်တော်နဲ့အိပ်ချင်တာတဲ့ ဘယ်လိုလုပ်မလဲကျွန်တော်က ရည်းစားကိုရေလဲပုဆိုးလိုလဲပြောင်းထားတတ်ပေမယ့် ဘယ်သူ့ကိုမှ တာဝန်မယူနိုင်ပဲ ကြယ်သီးတစ်လုံးတောင်မဖြုတ်ဘူးလေ အဲ့တော့သူလဲကျွန်တော်နဲ့ပြတ်သွားတာပါပဲ ခုတော့စားဘဲကြီးတစ်ယောက်နဲ့တွေ့ပြီး အခုအစားခံနေရတယ်ဗျာ"

ညီဟာသူပြောချင်တာကိုသာ ပြောဆိုနေတော့သည်။ဘုန်းဆက်ရဲ့မျက်နှာအခြေအနေဘယ်လိုဖြစ်နေလဲသူကလှည့်ကိုမကြည့်ပါ၊
ဘုန်းဆက်ရှိန်ဝါရဲ့မျက်နှာဟာလဲ ညီစေမင်းသော်ရဲ့စကားတွေနဲ့အလိုက်မျက်နှာအနေအထားတွေကလိုက်ပြီးပြောင်းလဲနေသည်။
ကောင်လေးအကြောင်းတစ်ဖွဲ့တစ်နွဲ့ပြောနေတဲ့အချိန်ဘုန်းဆက်လက်က လက်သီးတွေကကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ထိုကောင်လေးကိုလဲတွေ့ရင်သတ်ပြစ်မယ့်ရုပ်ကြီးနဲ့ဖြစ်နေပြီး 'တာဝန်မယူနိုင်ပဲကျယ်သီးတစ်လုံးမဖြုတ်ဘူး´ဆိုတဲ့စကားကိုကြားတော့ပြုံးဖြီးသွားတဲ့ဘုန်းဆက်မျက်နှာဟာ ကမ္ဘာမှာတန်ဖိုးအကြီးဆုံးနဲ့အခက်ခဲဆုံးပစ္စည်းကိုလက်ခံရယူလိုက်ရသလို ဖြစ်သွားတော့သည်။

Commando🍁(Complete)Where stories live. Discover now