P - 19🍁

608 76 2
                                    

Zawgyi

အိုးတစ်လုံးအပြည့်နီးပါးရလာတဲ့ ဆန်ပြုတ်လို့ခေါ်ရမလား ထမင်းရေဖျော်လို့ပြောရမလားမသိတာတွေက အိုးပြည့်အိုးလျှံနဲ့အနံကလေးမွှေးလို့လာသည်၊ အနံအရဆိုရင်တော့ ချက်ချင်းလက်ငင်းကိုစားပြစ်ချင်မှာမှန်ပေမယ့် ပုံစံကိုမြင်ရင်တော့ ဘာကြီးလဲ!!!ဆိုပြီးတန်းမေးကြမှာအမှန်ပါပဲ ၊ ကြက်ဥ ၇နှစ်လုံးလောက်ကိုလဲဖောက်ပြီးထည့်ထားသေးတော့ အင်းအရသာက တအားကြီးမဆိုးလောက်ပါဘူးးးးးး

//Fighting!!!ဘုန်းဆက်ရှိန်ဝါရေ မင်းအသည်းကျော်ရဲ့လက်ချက်နဲ့ ဆန်ပြုတ်သောက်ရတော့မည်၊//

ကိုယ့်ကိုယ်ကိုအားပေးရင်း သူလုပ်ချင်တာလုပ်လိုက်ရလို့ကျေနပ်နေရှာပြီး စားဖို့ဟန်ပြင်နေတဲ့ညီစေ့ကိုကြည့်ပြီးပဲ စားကောင်းမှာပါလို့အခါခါအားပေးနေရရှာတော့သည့်ဘုန်းဆက်ရှိန်ဝါပါလေ။

"ဘာပန်ကန်ပြားမှလဲမတွေ့ခဲ့ဘူး ၊ဇွန်းကလဲဒီတစ်ချောင်းပဲရှိတယ်၊ ဒီလူတွေ ဘယ်လိုတောင်စားကြလဲမသိဘူး ၊ခွေးတွေလို အိုးထဲခေါင်းနှိုက်စားသလားမသိဘူး"

"သူများ ကိုပေါက်ကရတွေပြောမနေနဲ့တော့ညီ မိုးချုပ်တော့မယ် ထွန်းစရာမီးအိမ်မရှိဘူး နေအလင်းရောင်လေးနဲ့စားသောက်ပြီးအိပ်ကြရအောင် ...ကိုယ်မင်းနဲ့တစ်ကယ်အိပ်ချင်နေပြီ"

"အင်းအင်းစားကြတာပေါ့ဒီအတိုင်းပဲ"

ဘုန်းဆက်ပြောလိုက်တဲ့ ကိုယ်မင်းနဲ့တစ်ကယ်အိပ်ချင်ပြီဆိုတဲ့စကားကို အစားငမ်းနေတဲ့ညီစေမင်းသော်မကြားလိုက်ရှာပါ၊ တစ်ကယ်လို့ကြားခဲ့ရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ တစ်ကယ်သိချင်မိသည်။

( ညီစေမင်းသော်---ကိုယ်Crushနေတဲ့လူက ကိုယ်နဲ့အိပ်ချင်တယ်လို့ ပြောလာတာကို ငြင်းရအောင် စောက်ရူးလား😏?နင်တို့Crushတွေက လှည့်တောင်မကြည့်ဖူးဟုတ်😎ငါက စောက်ချောကြီးလေ အိပ်ချင်ရှာမှာပေါ့)

"ဒီ ဇွန်းတစ်ချောင်းကိုပဲနှစ်ယောက်သောက်ကြတာပေါ့လေ"

ဘုန်းဆက်ကပြောလဲပြော လက်ကလဲဇွန်းကိုကိုင်ပြီး ဆန်ပြုတ်အိုးထဲကနေတစ်ဇွန်းခပ်သောက်လိုက်သည်။
ပါဝင်ပစ္စည်း ၅မျိုးနဲ့ဆန်ပြုတ်က ဒီအချိန်မှာတော့ နတ်ဘုရားတွေ တည်ခင်းဧည့်ခံစားသောက်တဲ့နတ်သုပ်တာ အလားအရသာရှိလှသည်။
၂ရက်မစားမသောက်နေရတဲ့အရှိန်နဲ့ ဇွန်းကို ညီစေနဲ့ဘုန်းဆက်တစ်ယောက်တစ်လှည့်စီယူပြီး စားသောက်နေကြတော့သည်။

Commando🍁(Complete)Where stories live. Discover now