M/ P - 21🍁

686 70 4
                                    

{ထိပ်စည်းကြီးမြင်ပြီး ဘာပါမယ်ဆိုတာသိတယ်ဟုတ်😅}

နောက်နေ့မနက်နေ့လည်အထိ ညီစေကနိုးမလာခဲ့ပါ ၊ဘုန်းဆက်ကတော့ တော်တော်လေး နေထွက်မှနိုးလာခဲ့ပေမယ့် ညီစေကနေ့လည်အထိအိပ်ပျော်နေတော့သည်။
နေမကောင်းလို့လားအထင်နဲ့နဖူးကိုသွားသွားစမ်းကြည့်ရတာလဲအမောပါပဲ ၊
ညီစေအိပ်နေတုန်း မနေ့ကတွေ့ခဲ့တဲ့အခန်းထဲကိုတစ်ခါပြန်ဝင်လာခဲ့တော့သည်။

ဘယ်လောက်ပဲမြေသားနဲ့ဖုံးထားပါစေ တစ်နေရာ အစွန်းဘက်မှာထွက်နေတဲ့ပျဉ်ပြားသားကြောင့် ထိုပျဉ်ပြားကိုပဲလက်နဲ့ထိုးကော်ပြစ်လိုက်သည်။အတော်လေးအားစိုက်ထုပ်လိုက်မှပျဉ်ပြားကပွင့်သွားတော့သည်။
အဖုံးပွင့်သွားတော့ ၆ပေအနက်လောက် ရှိသည့် ကျွင်းတစ်ကျွင်းကိုတွေ့ရသည်။ကျွင်းထဲကိုခုန်ဆင်းချလိုက်တော့ အောက်ကအမှုန့်အိတ်တွေကိုတက်နင်းမိတော့သည်။

၆ ပေအနက်ရှိသည့် ထိုကျွင်းထဲတွင် တရားမ၀င်မူးယစ်ဆေးဝါတွေကို အိတ်ခဲရောင်နဲ့ထည့်ထားပြီး အထပ်လိုက်ပုံထားသည်ကို ဘုန်းဆက်ရှိန်ဝါတွေ့လိုက်ရသည်။

"ဟားးးးးနည်းတဲ့ဆေးတွေမဟုတ်ဘူးပဲ ဒါတွေအကုန်လုံးကိုသာ ရောင်းပြီးပြီဆိုရင် ဒီဟာတွေရဲ့ပိုင်ရှင်ကတော့ ဆယ်သက်စားကုန်တော့မယ်မထင်ဘူး ဒီလိုနေရာမှာ ဒီလိုထားတယ်ဆိုကတည်းက ဝါရင့်သဘာရင့် မူးယစ်ဆေးရောင်းစားလာတာပဲဖြစ်ရမယ်"

ဘုန်းဆက် အံ့သြလွန်းလို့ပါးစပ်ကအသံထွက်လာသည်ကိုပင်သတိမထားမိတော့ချေ ၊ ဒီကိစ္စကို ညီစေ့ကို ပြောမပြတော့ပဲထားဖို့ဆုံးဖြတ်လိုက်သည်။
နယ်စပ်ကတောထဲမှာ Commandoနှစ်ယောက်ခြေရာပျောက်သွားတယ်ဆိုတာက တစ်နိုင်ငံလုံးဟိုးလေးတစ်ကျော်ကျော် ဖြစ်နေမှာအသေအချာပါပဲ ၊ အဲ့တော့ မူးယစ်ဆေးတွေရဲ့ပိုင်ရှင်လူတွေကလဲ ဒီအိမ်ကိုတွေ့မယ်ဆိုတာ ခန့်မှန်းပြီးသားဖြစ်လိမ့်မယ် အခုချိန်လောက်ဆိုရင် သူတို့နေရာကိုလာပုန်းခိုနေတဲ့ ကျွန်တော်တို့နှစ်ယောက်ကို တွေ့ရာသင်္ချိုင်းဓါးမဆိုင်းဆိုပြီး ကြိမ်းဝါးနေကြလိမ့်မည်။

ညီစေ့ကို​မူးယစ်ဆေးကိစ္စ ပြောမပြတော့ဖို့ဆုံးဖြတ်ပြီး အခန်းထဲကနေအပြင်ကိုထွက်လာခဲ့လိုက်တော့နေက အနောက်ဘက်မိုးကုတ်စက်ဝိုင်းထဲကိုပြန်ဝင်တော့မည်။

Commando🍁(Complete)Where stories live. Discover now